မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားသို့ တစ်နှစ်ပတ်လုံး
လာရောက်ဖူးမြော်နိုင် စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၈ ရက်
က ဖော်ပြထားသည်။
မန်းရွှေစက်တော်ရာဘုရားသို့ ပြည်သူများ ရာသီမရွေး လာရောက်ဖူးမြော်နိုင်ရေးအတွက်
ပွဲတော်ကာလအတွင်း ၌သာ အသုံးပြုသည့် လမ်းကို တစ်နှစ်ပတ်လုံး သွားလာနိုင်စေရန်
ယာယီတံတားနေရာ၌ အမြဲတမ်း အသုံးပြု၍ ရသော တံတားကို တည်ဆောက်ရန် စီစဉ်
သွားမည် ဖြစ်ပြီး ထိုသို့ စီစဉ်ရခြင်းမှာ ဘုရားပွဲတော်ကာလ မဟုတ်သည့် အချိန်များတွင်
မိသားစုလိုက် အိမ်စီးကားများဖြင့် လာရောက်မှုများ ရှိနေပြီး ထိုအချိန်များတွင် လာရောက်
ဖူးမြော်သူများမှာ ပုသိမ် - မုံရွာလမ်းဘက်မှ အထက်စက်တော်ရာသို့ ရှစ်မိုင်ခန့် သွားလာ
နေကြရသဖြင့် အချိန်ကုန် သက်သာစေရန် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ
ယခင်နှစ်များကထက် လာရောက်သူ အနည်းငယ် နည်းပါးလျက် ရှိသည်ဟု ဆိုသည်။










