လူငယ် အမျိုးသားပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ်ဒိုင် ဒေါ်သိန်းသိန်းအေး စတင် တာဝန်ယူ ကိုင်တွယ်

လူငယ် အမျိုးသားပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ်ဒိုင် ဒေါ်သိန်းသိန်းအေး စတင် တာဝန်ယူ ကိုင်တွယ်

မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည်
အမျိုးသားလူငယ်လိဂ်ပြိုင်ပွဲတွင် စတင် တာဝန်ယူ ကိုင်တွယ်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၈ ရက်က ဖော်ပြထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု အမျိုးသမီးကွင်းလယ် ဒိုင်လူကြီး ဒေါ်သိန်းသိန်း
အေးသည် ၂ဝ၁၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂ဝ၁၆ အာဆီယံ အမျိုးသမီး
ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ရခြင်း၊ ပါပူဝါ နယူးဂီနီနိုင်ငံ၌ ကျင်းပသော ယူ-၂ဝ
အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းနှင့်အတူ နာမည်ကျော်ကြား
လာခဲ့ပြီး အမျိုးသားပြိုင်ပွဲများ၌ တာဝန်ထမ်းဆောင်ခွင့်ရရန် တောင်းဆိုခဲ့ရာ မြန်မာ နေရှင်နယ်
လိဂ်ကော်မတီက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ရ ရက်က ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် ရန်ကုန် အသင်းနှင့် Southern အသင်း
တို့၏ MNL ယူ-၂၁ လူငယ် အမှတ်ပေးပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ဒေါ်
သိန်းသိန်းအေးအား စတင်ထမ်းဆောင်စေခဲ့ခြင်း ဖြစ်ပြီး အရည်အသွေးတိုးတက်လာမှုအပေါ်
မူတည်၍ ပထမတန်း အမှတ်ပေးပြိုင်ပွဲနှင့် MNL ပြိုင်ပွဲတို့တွင် ဆက်လက် တာဝန်ထမ်းဆောင်
ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်သိန်းသိန်းအေးသည် မြန်မာဒိုင်လူကြီးများအနက် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး
တာဝန် ထမ်းဆောင်ခွင့်ရသည့် ဒိုင်လူကြီးဖြစ်လာခဲ့ပြီး မြန်မာဒိုင်လူကြီးလောကအတွက် ဂုဏ်ယူ
စရာ ဖြစ်ခဲ့သည်ဟု ဆိုသည်။