မြန်မာစာပေချစ်မြတ်နိုးသူများအသင်းက ကြီးမှူး၍ ''မြန်မာစာပေချစ်မြတ်နိုးရေး'' ခေါင်းစဉ်ဖြင့်
ကျင်းပမည့် တရားပွဲကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်
ဓမ္မာရုံ၌ ပြုလုပ်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်
၀ါရီလ ၉ ရက်က ဖော်ပြထားသည်။
"မြန်မာစာပေ ချစ်မြတ်နိုးရေး'' ခေါင်းစဉ်ဖြင့် တရားတော်ကို ဆရာတော်အရှင်ဆေကိန္ဒက ဟောကြား
ချီးမြှင့်မည်ဖြစ်ပြီး ဆရာဗိုလ်ကလေးတင့်အောင်၊ ဂုဏ်ထူးဦးသိန်းနိုင်နှင့် မောင်ခင်မင်(ဓနုဖြူ)တို့က
မြန်မာစာပေချစ်မြတ်နိုးရေးနှင့် ပတ်သက်၍ ဟောပြောကြမည် ဖြစ်သည်။
မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ မြန်မာစာပေ ပြန့်ပွားတိုးတက်စေရန်၊ မြန်မာစာပေ၏
ဂုဏ် ကို မြှင့်တင်ရန်၊ မြန်မာစာပေ ချစ်မြတ်နိုးသူများ တိုးပွားစေရန်၊ မြန်မာစာပေ ချစ်မြတ်နိုးမှုကို
အခြေခံ၍ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို ထိန်းသိမ်းတတ်စေရန်၊ မြန်မာ စာပေ
စွမ်းအားဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးရန် ရည်ရွယ်ချက်များဖြင့် မြန်မာစာပေ ချစ်
မြတ်နိုးသူများ အသင်းကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အား
ဖြစ်စေရန် မည်သူမဆို ကြွရောက်ခြင်းဖြင့် မြန်မာစာပေမြှင့်တင်ရေးတွင် ဝိုင်းဝန်းပါဝင်ကြရန် မြန်မာ
စာပေ ချစ်မြတ်နိုးသူများအသင်းက နှိုးဆော်ဖိတ်ကြားထားကြောင်း သိရသည်။










