ပင်လုံမြို့၌ ကျင်းပမည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြင်ဆင်မှုများ ၉ဝ ရာခိုင်နှုန်း ပြီးစီး

ပင်လုံမြို့၌ ကျင်းပမည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြင်ဆင်မှုများ ၉ဝ ရာခိုင်နှုန်း ပြီးစီး

ပင်လုံမြို့၌ ကျင်းပမည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများ
ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၉ ရက်က ဖော်ပြထားသည်။

ပင်လုံမြို့တွင် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ပြည်ထောင်စုနေ့
အခမ်းအနား ကျင်းပမည့် အစီအစဉ်များကို ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူထားကြောင်း၊
ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းနှင့် ဖေဖော်ဝါရီ ၁၃ ရက်တို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်
အဖြစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအတွက် အားကစား
ပြိုင်ပွဲများ၊ နယ်ခံ လူငယ်များအတွက် ဘိလိယက်ထိုးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများ
ကိုလည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ပြည်ထောင်စု
နေ့ အထိမ်းအမှတ် အောင်ပွဲအဖြစ် မီးပုံးပျံတစ်လုံး လွှတ်တင်ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်သွား
မည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ရက်နေ့ ညပိုင်းတွင်လည်း အထိမ်း
အမှတ် မီးပုံးပျံ လွှတ်တင် သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခိုင်ညီညီကျော်၏ ပြောကြား ချက်အရ သိရသိရသည်။

ယခုနှစ်အတွက် အထူးခြားဆုံးဖျော်ဖြေတင်ဆက်မှုမှာ တိုင်းရင်းသားရိုးရာ ပဒေသာအက ဖြစ်ပြီး
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ တိုင်းရင်းသားများ ကိုယ်တိုင်ဖွဲ့စည်းထားသော အက
အဖွဲ့များက လာရောက်ဖျော်ဖြေမည် ဖြစ်သောကြောင့် ရိုးရာယဉ်ကျေးမှုအကမျိုးစုံကို တစ်နေရာ
တည်းတွင် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။