ရန်ကုန်မြစ်ကမ်း နံဘေးနေရာများကို အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် နေရာအဖြစ်
ယခုဘဏ္ဍာနှစ်အတွင်း အပြီးဖော်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၅ ရက်က ဖော်ပြထားသည်။
အများပြည်သူအပန်းဖြေအနားယူနိုင်မည့် ဧရိယာကို ငွေကျပ် သိန်း ၁ဝဝဝ ခန့် အကုန်အကျခံ
ဆောင်ရွက်ပေး လျက် ရှိပြီး ယခင် အေးရှားဝေါလ်ကုမ္ပဏီလုပ်ကိုင်ခွင့် ရရှိထားသော နေရာတွင်
ဖော်ဆောင်ပေးမည် ဖြစ် ကြောင်း၊ အပန်းဖြေနေရာ၏ အကျယ်မှာ ပေ ရဝ ခန့်ရှိပြီး မြစ်ကမ်းနား
တစ်လျှောက် အရှည်သည် ပေ ရဝဝ ကျော်ရှိသည်ဟု ဆိုသည်။ ရန်ကုန်မြို့တော်အား စင်ကာပူ
နိုင်ငံကဲ့သို့ သန့်ရှင်းလှပစေရန် ဖော်ဆောင်မှုများ အနက် ယခု အပန်းဖြေနေရာသည်လည်း
တစ်ခုအပါအဝင် ဖြစ်ပြီး မြို့တော်နေ ပြည်သူများ အပန်းဖြေ အနားယူနိုင်မည့်အပြင် ကမ္ဘာလှည့်
ခရီးသွားဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တော်အတွင်း အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် နေရာများ နည်းပါးလာခြင်း
ကြောင့် ထပ်မံ ဖော်ဆောင်ပေးခြင်း ဖြစ်ပြီး ယခု ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်
နေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ
ဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း အများပြည်သူအပန်းဖြေနေရာများနှင့် အားကစား
ကွင်းများ ဖော်ဆောင်ရန် ဘတ်ဂျက် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံ လျာထားကြောင်း၊ ရန်ကုန်မြို့
တွင်းရှိ ဆိပ်ကမ်းသာပန်းခြံကိုလည်း အဆင့်မြှင့်တင် ပြုပြင်မွမ်းမံသွားရန် ရှိကြောင်း ၄င်း၏ ပြော
ကြားချက်အရ သိရသည်။










