သရုပ်ဆောင်ခိုင်နှင်းဝေ ဦးစီးကျင်းပမည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲနှင့် တိုင်းရင်း
သား ရိုးရာပြပွဲကို ဖေဖော်ဝါရီ (၁၀)ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပ
သွားမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖော်ပြထားသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် ပတ်သတ်၍ အထိမ်းမှတ်ဖျော်ဖြေပွဲ၊ ပျော်ပွဲရွှင်ပွဲများကို မကျင်းပ
ဖြစ်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် အထိမ်းအမှတ်ပွဲကျင်းပလိုသဖြင့် သက်ဆိုင်ရာ
အစိုးရအဖွဲ့ထံ စာတင်ရာတွင် ခွင့်ပြုခဲ့သဖြင့် ကျင်းပဖြစ်ခဲ့ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ၏ ပြော
ကြား ချက်အရ သိရသည်။
အဆိုပါ ဖျော်ဖြေပွဲနှင့် တိုင်းရင်းသားရိုးရာပြပွဲကို ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၉) ရက်ထိ (၉) ရက်ကြာ
ကျင်းပသွားမည် ဖြစ်ပြီး ပြည်ထောင်စုနေ့ကို ပြန်လည်အမှတ်ရစေရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ဖျော်ဖြေ
ပွဲအပြင် တိုင်းရင်းသားများ၏ ရိုးရာပြပွဲများ၊ တိုင်းရင်းသားရိုးရာအစားအစာများ၊ စျေးရောင်းပွဲများလည်း
ပါ၀င်မည် ဖြစ်ကြောင်း ခိုင်နှင်းဝေက ပြောကြားခဲ့သည်။
ဝင်ကြေး အခမဲ့ဖြင့် ဖျော်ဖြေမည့် အဆိုပါ ဖျော်ဖြေပွဲအတွက် ရွှေထွဋ်တင်ကွင်းအတွင်း စတိတ်စင် ၂ ခု
တည်ဆောက်ကာ အနုပညာရှင်များ ဖျော်ဖြေရန် တစ်စင်နှင့် မိုးကြိုးငှက်ငယ်အဖွဲ့ ဖျော်ဖြေရန် တစ်စင်
ဆောက်လုပ်ထားပြီး ဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀)ရက် ညနေ ၄ နာရီတွင် ပြုလုပ်
သွားမည် ဖြစ်ပြီး အနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။










