နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အား လက်ခံတွွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း
စုကြည်သည် ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ် His Grace Comboy Archbishop Paul
Tschang in-Nam အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့
က လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၉ ရက်က ဖော်ပြထားသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများ နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တို့နှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ် ဆွေးနွေး
ခဲ့ကြကြောင်း သိရသည်။










