ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ၀ိဇ္ဇာဘာသာရပ် ရွေးချယ်သော ကျောင်းသားများ နည်းပါးလာ

ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ၀ိဇ္ဇာဘာသာရပ် ရွေးချယ်သော ကျောင်းသားများ နည်းပါးလာ

ပြင်ပ၌ ဖွင့်လှစ်ထားသော ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ဝိဇ္ဇာဘာသာရပ်ကို ရွေးချယ်
တက်ရောက်သည့် ကျောင်းသားကျောင်းသူမှာ နည်းပါးလာကြောင်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်
တန်းကျောင်းတစ်ခုမှ ဆရာ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (ငြိမ်း) ဦးတင်
မောင်ညွန့်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၉ ရက်
က ဖော်ပြထားသည်။

ကျောင်းသား ကျောင်းသူတွေက လက်တွေ့လုပ်ဆောင်ရတဲ့ သိပ္ပံဘာသာတွဲတွေကို စိတ်ဝင်စား
မှု ရှိလာတာ တွေ့ရကြောင်း၊ အချို့ကျောင်းများတွင် သိပ္ပံဘာသာတွဲ သင်ကြားသော စာသင်ခန်း
ငါးခန်းရှိပြီး ဝိဇ္ဇာဘာသာတွဲ သင်ကြားသော စာသင်ခန်းမှာ တစ်ခန်းသာ ရှိကြောင်း၊ အချိုးမှာ
အင်မတန်ကွာခြားနေကြောင်း ဦးတင်မောင် ညွန့်က ပြောကြားခဲ့သည်။

ယခင်က တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပါက တက္ကသိုလ်ရွေးချယ်ရာတွင် ဘာသာတွဲနှင့် ရမှတ်
အပေါ် အခြေခံလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ဖြေလျှော့မှုများကို လုပ်ဆောင်လာကြသော်လည်း
မိဘအများစု၏ စိတ်ထဲတွင် သိပ္ပံဘာသာတွဲကသာ ရွေးချယ်မှု အခွင့်အလမ်းပိုသာသည်ဟု မှားယွင်း
စွာ ယူဆထားကြခြင်း ဖြစ်သည်။

ဝိဇ္ဇာဘာသာရပ်သည်လည်း တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ လူဦးရေနှင့် ဝင်ငွေတွက်ချက်
နည်းများ၊ ရှေးမြန်မာ ရာဇဝင်များ၊ ကမ္ဘာ့နိုင်ငံများ၏ သမိုင်းအဖြစ်အပျက်များ၊ ရေမြေသယံဇာတ
သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဗဟုသုတများကို အခြေခံကာ ဖြည့်ဆည်းပေးထားသော
ဘာသာတွဲများ ဖြစ်သည့်အတွက် ပစ်ပယ်၍ မရသော ဘာသာတွဲတစ်ခုလည်း ဖြစ်ကြောင်း ဦးတင်
မောင်ညွန့်၏ ပြောကြားချက်အရ သိရသည်။