ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် ရှန်တီစေတနာ့ဝန်ထမ်း အဖွဲ့ (SVA) က စာအုပ်များ လှူဒါန်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် ရှန်တီစေတနာ့ဝန်ထမ်း အဖွဲ့ (SVA) က စာအုပ်များ လှူဒါန်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များတွင် အများပြည်သူ ဖတ်ရှုနိုင်ရန်
ရည်ရွယ်၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့က ကလေးစာပေဆိုင်ရာ စာအုပ်များလှူဒါန်းပွဲကို ဖေဖော်ဝါရီ
၉ ရက်နေ့က ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၀ ရက်က
ဖော်ပြထားသည်။

ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA) သည် ၂၀၁၄ ခုနှစ်မှစ၍ မိသားစုခေါင်းစဉ်ဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့
သည့် ဆုရစာအုပ်သုံးမျိုး စုစုပေါင်းစာအုပ် (၁၇၅၆၆) အုပ်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဂျပန်
နိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယဉ်ကျေးမှုဗဟိုဌာနက ကြီးမှူးပြီး အာရှ-ပစိဖိတ်ဒေသတွင်းရှိ
အဖွဲ့ဝင် (၁၈) နိုင်ငံနှင့် ယူနက်စကိုတို့ ပူးပေါင်းဆောင်ရွက်ထုတ်ဝေခဲ့သည့် နေကမ္ဘာ လူငယ်ကလေး
စာအုပ် (၈၇၃၅) အုပ်နှင့်အတူ ကလေးစာပေနှစ်မျိုးကို တစ်မျိုးလျှင် (၅၈၅၅) အုပ်နှုန်းဖြင့် (၁၁၇၁၀)
အုပ်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကလေးစာပေငါးမျိုး၊ စုစုပေါင်း(၂၉၂၇၅)အုပ်ကိုလည်းကောင်း
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။