ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)
နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားလူငယ်များ၏ "ပင်လုံငြိမ်းချမ်းရေးစကားဝိုင်း"
"Panglong Peace Talk" အစီအစဉ်များကို တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဖော်ပြထားသည်။
ဗိုလ်ချုပ်အောင်ဆန်းပင်လုံညီလာခံ တက်ရောက်စဉ် စာဖတ်ခဲ့သော ညောင်ပင်အောက်နေရာတွင်
ကျင်းပမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားလူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း
ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်မှ စတင်၍ MRTV ရုပ်သံလိုုင်းနှင့် Myanmar
State Counsellor Office Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရ
သည်။
ရှမ်းပြည်နယ်၊ ပင်လုံုမြို့တွင် ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)
တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပင်လုံစာချုပ် လက်မှတ်
ရေးထိုးခဲ့ကြသော ခေါင်းဆောင်များ၏ မိသားစုဝင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။









