လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ရ၀၀၀ ကျော်ဖိုးတင်ပို့ထား

လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ရ၀၀၀ ကျော်ဖိုးတင်ပို့ထား

လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံး
လုပ်ကိုင်လျက် ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ရဝဝဝ ကျော်တန်ဖိုးရှိ
အဝတ်အထည်များ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ
လ ၁၀ ရက်က ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိကပိုင် ၁၇၁ ရုံ၊ နိုင်ငံခြား
သားပိုင် ၁၉၆ ရုံနှင့် ပြည်တွင်းနှင့် နိုင်ငံခြားဖက်စပ်စက်ရုံ ၂၂ ရုံ စုစုပေါင်း အထည်ချုပ်စက်ရုံ
၃၈၉ ရုံရှိနေပြီး ဝန်ထမ်းနှင့် အလုပ်သမားဦးရေ လေးသိန်းကျော် ဝင်ရောက်လုပ်ကိုင်နေကြောင်း၊
မြန်မာ့အထည်ချုပ် လုပ်ငန်းထုတ်ကုန် များကို ဥရောပသမဂ္ဂနိုင်ငံများမှ အော်ဒါမှာယူမှုမြင့်တက်
လျက်ရှိပြီး ယခုနှစ်တွင် ဥရောပသမဂ္ဂနိုင်ငံများက ဂျပန်နိုင်ငံထက် ပိုမိုမှာယူနေကြောင်း၊ မြန်မာနိုင်ငံ
အထည်ချုပ်လုပ်ငန်းကဏ္ဍအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈ဝဝဝ
ကျော်ဖိုးအထိ တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများမှ ပြည်ပသို့ အထည်တင်ပို့မှုမှာ ဂျပန်
နိုင်ငံ စျေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ စျေးကွက် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ တောင်
ကိုရီးယားနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကစျေးကွက်သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့
၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။