မလေးရှားနိုင်ငံက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ပေးအပ်သော ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောရောက်ရှိ

မလေးရှားနိုင်ငံက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ပေးအပ်သော ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောရောက်ရှိ

မလေးရှားနိုင်ငံအစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသို့ ပေးအပ်မည့် ထောက်ပံ့
ရေးပစ္စည်းများ သယ်ဆောင်လာသော Nautical Aliya သင်္ဘောသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်
ရန်ကုန်မြို့ရှိ MITT ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ
၁၀ ရက်က ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk SeriReezal Merican Naina Meri
-can က ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများက
လက်ခံရယူခဲ့ကြောင်း သိရသည်။