နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့၌ ကျင်းပသည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ တက်ရောက်ခဲ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့၌ ကျင်းပသည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ တက်ရောက်ခဲ့

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပခဲ့သော နှစ်(၇၀)မြောက်
ပြည်ထောင်စုနေ့ ညစာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်
၀ါရီလ ၁၃ ရက်က ဖော်ပြထားသည်။

လူတစ်ယောက်သည် မိမိနေထိုင်သည့် အသိုက်အဝန်း၊ နိုင်ငံနှင့် ပြည်ထောင်စုအတွက် အကျိုး
ရှိအောင် တာဝန်ထမ်းဆောင်သွားမည်ဆိုလျှင် လူဖြစ်ရကျိုးနပ်ပြီဟု သတ်မှတ်နိုင်ကြောင်း၊
နောင်လာနောင်သား၊ နောင်မျိုးဆက်များအတွက် လုပ်ဆောင်ရန် ရရှိသည့် အခွင့်အရေးကို
ထိုက်ထိုက်တန်တန် သုံးကြရန် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါ၀င်သည့် ပုဂ္ဂိုလ်များကို တိုက်တွန်း
လိုကြောင်း၊ နောင်မျိုးဆက်အဆက်ဆက်တွင် မိမိတို့ဘိုးဘွားများ၏ လုပ်ဆောင်မှု၊ တာဝန်
ကျေပွန်မှုကြောင့် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ပျော်ရွှင်စွာ ဆင်နွှဲ
နိုင်ခြင်း ဖြစ်သည် ဆိုသည့် စိတ်ဓာတ်များ ဖြစ်နိုင်ပါစေဟု ဆုတောင်းကြောင်း နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်က ညစာစားပွဲတွင် ပြောကြားခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးပုံပွဲကို
မီးညှိ ပေးခဲ့ပြီး ညစာစားပွဲ၌ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော ရှမ်းကြီး၊ ပအိုဝ်း၊
တောင်ရိုး၊ ဓနု၊ အင်းသား၊ ကယန်း၊ မောရှမ်း၊ ပလောင်၊ ၀၊ ကိုးကန့်၊ လီဆူ၊ ကချင်၊ ဂုံရှမ်း၊
အာခါနှင့် လားဟူ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များကို အမှတ်တရလက်ဆောင်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။