ဗိုလ်ချုပ်အောင်ဆန်း၏ ၁ဝ၂ နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့) အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ၌ ကျင်းပခဲ့

ဗိုလ်ချုပ်အောင်ဆန်း၏ ၁ဝ၂ နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့) အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ၌ ကျင်းပခဲ့

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၁ဝ၂ နှစ်မြောက်
မွေးနေ့ (မြန်မာနိုင်ငံကလေးများနေ့) အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့၊ ဗဟန်း
မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်) ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေသဘောထားများနှင့် တိုင်းပြည်အတွက်
ဆောင်ရွက်ခဲ့မှုများကို ကလေးငယ်များ အတုယူ၍ အနာဂတ်ကာလတွင် တိုင်းပြည် အတွက် အကျိုး
ပြုသည့် သားကောင်းရတနာများ ပေါ်ထွက်လာစေရန် အဆိုပါ အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က ပြောကြားခဲ့သည်။

ကမ္ဘာတွင် ကြေညာထားသော ကလေးများနေ့ဟူ၍ နေ့တစ်နေ့ သီးသန့်ရှိသော်လည်း မိမိနိုင်ငံအလိုက်
ကလေးများနေ့ကို သင့်လျော်သလို သေချာစွာ ဖြစ်မြောက်အောင် ကျင်းပနေခြင်း ဖြစ်ကြောင်း၊ ကလေး
များကို တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကျင်းပခြင်းဖြစ်ပြီး ရှေ့ဆက်၍
လည်း ကလေးများနေ့ကို ပိုမိုထိရောက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲ ကျင်းပမှုနှင့် စပ်လျဉ်း
၍ NLD နာယက သူရဦးတင်ဦးက မီဒီယာများအား ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့် ပင်လုံမြို့၌ ကျင်းပသည့် နှစ်(၇ဝ)မြောက် ပြည်
ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့
သည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကလေးငယ်များ သိရှိစေရန် သဘာပတိဖြစ်
သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောကြားခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်
ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကလေးငယ်များကို ဉာဏ်စမ်း မေးခွန်းမေးမြန်းခြင်း၊
ဇာတိမာန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားအကများ၊ အာဆီယံအကများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရလက်ဆောင်အရုပ်များ ပေးအပ်ခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ခြင်းများ ပြု
လုပ်ခဲ့ကြောင်း သိရသည်။