စစ်ဝင်းဆိပ်အနီး လမ်းချဲ့ရာ စစ်ကျန်ဗုံးသီးများနှင့် ကျည်များတွေ့ရှိ

စစ်ဝင်းဆိပ်အနီး လမ်းချဲ့ရာ စစ်ကျန်ဗုံးသီးများနှင့် ကျည်များတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ရပ်ကွက် (၄) တာရိုးလမ်းချဲ့ခြင်းကို မြို့နယ်
စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီ
အချိန်က စစ်ကျန်ဗုံးသီးနှင့် ကျည်များကို တူးဖော်တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။

ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးနှင့် ကော်မတီရုံးရှေ့၌ အများပြည်သူများ သွားလာရေး
အဆင်ပြေချောမွေ့စေရန်အတွက် ကသာမြို့၊ ရပ်ကွက် (၄) နှင့် ရွှေဖုန်းရှိန်ကမ်းပတ်လမ်းဆုံအနီး လမ်းချဲ့
ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်တွင် အဆိုပါ ဗုံးသီးများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကျန်ဗုံးသီး အရှည် ၁ ပေ၊ လုံးပတ် ၉ လက်မရှိ (၅)လုံး၊ အရှည် ၉ လက်မ၊ လုံးပတ် ၉ လက်မ (၁၁)
လုံး၊ အရှည် ၄ လက်မ၊ လုံးပတ် ၄ လက်မခွဲ (၁) လုံးအပါအဝင် စုစုပေါင်း ဗုံးသီး ၁၇ လုံးနှင့် ကျည်ဆံ
၃၀၃ တောင့်၊ ရိုင်ဖယ်ကျည်ဆံ (၅၆) တောင့်တို့ကို တွေ့ရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် (၃၀၉)
နယ်မြေခံ တပ်ရင်းမှ တာဝန်ရှိသူများက စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။