ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ကျောက်စိမ်းတူးဖော်ရေးဌာနခွဲ
(မိုးညှင်း) မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် သယ်ဆောင်လာသည့်
ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်
က ဖော်ပြထားသည်။
လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ကျောက်စိမ်းတူးဖော်ရေးဌာနခွဲ (မိုးညှင်း) မှ တာဝန်ရှိသူများ ပါဝင်သော
ပူးပေါင်း အဖွဲ့သည် သတင်းအရ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် ဖေဖော်ဝါရီ ၁ဝ ရက်
နေ့တွင် ဖားကန့်ဒေသ မှ နန့်ယား-မိုးကောင်း-မိုးညှင်းလမ်းကြောင်းအတိုင်း မန္တလေးဘက်သို့ မောင်း
နှင်လာပြီး ယာဉ်မောင်း ရှစ်ဦး၊ ယာဉ်နောက်လိုက် ၁၇ ဦးတို့ စီးနင်းလိုက်ပါလာသည့် ခြောက်ဘီး
ယာဉ် ငါးစီး၊ ၁ဝ ဘီးယာဉ် နှစ်စီးနှင့် ၁၂ ဘီးယာဉ်တစ်စီးတို့ကို ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်း အရိုင်းတုံး ခန့်မှန်းအလေးချိန် တန် ၂ဝ ခန့်ကို တွေ့ရှိ
ကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း နန့်ယား-ကာမိုင်း- မိုးကောင်း-မိုးညှင်းလမ်းအတိုင်း မန္တလေး
ဘက်သို့ ထွက်ခွာလာသည့် ယူဒီ ၁၂ဘီးယာဉ် ခုနစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်
ခုနစ်စီးအနက် တစ်စီး ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ခန့်မှန်း
အလေးချိန် တစ်တန်ခွဲခန့်ကို ထပ်မံ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများ၊ တရားမဝင်ကျောက်
စိမ်းတုံးများနှင့် ယာဉ်များအား မိုးညှင်းမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။










