မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာသစ်သားပန်းပုပြိုင်ပွဲနှင့်
ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊
ဗဟန်းမြို့နယ်ရှိ ဆရာစံပလာဇာ၌ ကျင်းပမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်
၀ါရီလ ၁၄ ရက်က ဖော်ပြထားသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ပန်းပုထုလုပ်ခြင်းအတတ်ပညာကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ မျိုးဆက်
သစ် သစ်သား ပန်းပုပညာရှင်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် မြန်မာ့သစ်သားပန်းပုလက်ရာ
များ ပိုမို တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဗဟိုသမဝါယမအသင်းလီမိတက်နှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်း (KMA Foundation)
တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း ပြိုင်ပွဲ
ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်ပြိုင်ပွဲတွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲအမျိုးအစားနှစ်ခု ခွဲခြားထားပြီး ဒါးပိန်၊ ပဲခူး၊
ရန်ကုန်နှင့် အခြားဒေသများမှ ပန်းပုပညာရှင်များ ထုလုပ်ထားသော ပန်းပုရုပ်တုပေါင်း ၁၇ဝ ကျော်
ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲခေါင်းစဉ်တစ်ခုလျှင် ပထမ၊ ဒုတိယနှင့် တတိယဆု သုံးဆုစီ
ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၃ဝ၊ တတိယဆု ငွေကျပ်
သိန်း ၂ဝ စသည်ဖြင့် အသီးသီး ချီးမြှင့်မည့် အပြင် အထူးဆုများလည်း ရွေးချယ်ချီးမြှင့်သွားရန် စီစဉ်
ထားကြောင်း သိရသည်။










