ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်သည့် ဝါးဖြင့် ဆောက်လုပ်သော အရောင်းစင်တာ ငါးလုံးခန့်ကို မြန်မာနိုင်ငံ
တွင် ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း (မန္တလေး) ၏ ပြော
ကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထားသည်။
အဆိုပါ အဆောက်အအုံများကို ကုမ္ပဏီကြီးတစ်ခုက ဆောက်လုပ်ရန် ကမ်းလှမ်းထားခြင်း ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပူတာအိုမြို့တို့၌ စုစုပေါင်း ငါးလုံးခန့် ဆောက်လုပ်သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ ငွေပေးချေပြီးပါက စာချုပ်ချုပ်ဆိုပြီး စရန်လက်ခံကာ ယခုနှစ်အတွင်း
ဆောက်လုပ်ဖြစ်ရန် အလားအလာ များကြောင်း၊ မန္တလေးတွင် ဆောက်လုပ်ဖြစ်ပါက ကျန်နေရာများ
တွင်ပါ ဆက်လက်ဆောက်လုပ်ရန် ကမ်းလှမ်းထားကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက
ပြောကြားခဲ့သည်။
အဆောက်အအုံများကို ဝါးများဖြင့်သာ သီးသန့်သုံးစွဲ၍ ဆောက်လုပ်မည် ဖြစ်ပြီး ဒီဇိုင်းအနေအထား
အရ ပေ ၁၅ဝ ပတ်လည် ရှိသည့် အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားကြောင်း၊ အဆင့်
အတန်း မမြင့်လွန်း မနိမ့်လွန်းသည့် ပုံစံဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် အသင့်လျော်ဆုံး ဝါးမျိုးများ
ကို ရွေးချယ်သုံးစွဲ၍ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များလည်း ပါဝင်
မည် ဖြစ်ကြောင်း သိရသည်။
အဆောက်အအုံများကို အရောင်းစင်တာသဘောမျိုး ဖွင့်လှစ်ရန် စီစဉ်ထားပြီး သစ်ခွမျိုးစုံ၊ ကော်ဖီဆိုင်
စသည့် ဆိုင်များ ဖွင့်လှစ်ရန် ရည်ရွယ်ဆောက်လုပ်သွားမည် ဖြစ်သည့်အပြင် ရှမ်းပြည်နယ်၊ အင်းလေး
ကန်ကို ပတ်၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ဖြစ်နိုင်သည့် ၀ါးတံတားနှင့် Shopping Centre ကို လုပ်ငန်း
ရှင်တစ်ဦးက ဆောက်လုပ်ရန် အစီအစဉ် ရှိသည်ဟု ဆိုသည်။










