မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှစ၍ တရားဝင် တင်သွင်းဖြန့်ချိလျက် ရှိသော အိန္ဒိယနိုင်ငံ
ထုတ် Bajaj ဆိုင်ကယ်၏ အရည်အသွေးကို ပြည်သူများ သိရှိစေရန်အတွက် မြန်မာနိုင်ငံ အထက်
ပိုင်းမြို့များ၌ Bajaj ဆိုင်ကယ်နှင့် ဆိုင်ကယ်စတန့်များ အလှစီးပြပွဲများကို ယခုလမှ စတင်၍ ရက်
အကန့်အသတ်မရှိ တစ်မြို့ဝင် တစ်မြို့ထွက် လိုက်လံပြသသွားမည် ဖြစ်ကြောင်း Easy Rider
Motor Bike ကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်ကျော်နန္ဒ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံအထက်ပိုင်းမြို့များတွင် Bajaj ဆိုင်ကယ်စီးပြီး စတန့်ပြပွဲများ ဆက်တိုက်ပြုလုပ်သွားမည်
ဖြစ်ကြောင်း၊ ယခုလ တတိယပတ်တွင် မြင်းခြံမြို့မှ စတင်ကာ တစ်မြို့ဝင် တစ်မြို့ထွက် လိုက်လံပြသ
မည် ဖြစ်ကြောင်း၊ စတန့်များကို ပြသနိုင်ရန်အတွက် မန္တလေးမြို့မှ စတန့်ပညာရှင်လူငယ်များနှင့် စာချုပ်
ချုပ်ဆိုထားပြီး ဖြစ်ကြောင်း ဦးတင်ကျော်နန္ဒက ပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်စတန့်ပြပွဲတွင် Bajaj ၏ ဆိုင်ကယ်များမှ ရောင်းအားအကောင်းဆုံး ဖြစ်သည့် NS-
150 ၊ NS-200 နှင့် V-15 ဆိုင်ကယ်အမျိုးအစားများကို အသုံးပြု၍ ပြသသွားမည် ဖြစ်ပြီး စတန့်ပြသမည့်
မြင်းခြံ၊ ပခုက္ကူ၊ မကွေးနှင့် မန္တလေးမြို့များတွင် အလှပြကားပေါ်၌ Bajaj ဆိုင်ကယ်များ တင်ဆောင်၍
မြို့ထဲတွင် လှည့်လည် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။










