ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်က ရန်ကုန်တက္ကသိုလ်
ပင်လုံဆောင်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၁၅ ရက်က ဖော်ပြထားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ဇနီး၊ သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်
က ပင်လုံဆောင် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ အင်္ဂလိပ် စာ ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ပင်လုံဆောင်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန် အင်္ဂလိပ်စာအထူးပြုကျောင်းသားများအတွက် ဘာသာရပ်
များ သင်ကြားပို့ချလျက်ရှိပြီး ခေတ်နှင့်အညီ တိုးတက်လာသည့် မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီ
သည့် English for Occupational Purposes(EOP)၊ English for Professional Purposes (EPP)
အထူးပြုဘာသာရပ်များ၊ Intercultural Communication၊ Academic Writing အစရှိသည့် ဘာသာရပ်
သစ်များကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ပါရဂူသင်တန်းသားများအတွက် English for Prelim ပို့ချပေးခြင်း၊ ဘွဲ့ကြိုသင်တန်းသားများအတွက် Foundation English ကိုလည်း နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန်
ပြောင်းလဲသင်ကြားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။