မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် တောင်သမန်တံတားကြီးကို ရှေးမူမပျက် အကြီးစား
ပြုပြင်ရန်အတွက် ဖေဖော်ဝါရီ ၁၃ ရက်တွင် သစ်လုံးများကို အင်းအတွင်း၌ နေရာချထားပြီး ဖြစ်ကြောင်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦး၏ ပြော
ကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်က ဖော်ပြထားသည်။
တောင်သမန်တံတားကို အကြီးစားပြုပြင်ရန်အတွက် လိုအပ်သည့် တိုင်လုံးများကို ရှေးဟောင်းသုတေ
သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ တံတား၏ ဆွေးမြည့်သည့် နေရာများတွင် တိုင်လုံးများကို အစားထိုးလဲလှယ်သွားမည် ဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။
သဘာဝဘေးဒဏ်များနှင့် နှစ်စဉ် ခရီးသွားဧည့်သည်အများအပြားလာရောက်မှုကြောင့် နှစ်ပေါင်း
၁၆ဝ ကျော် သက်တမ်းရှိပြီဖြစ်သော တံတားကြီး၏ တိုင်လုံးများ၊ ထုပ်တန်းများ၊ ကြမ်းခင်းများမှာ
ဆွေးမြည့်ပျက်စီးလာခဲ့ သဖြင့် ၂ဝ၁၆ ခုနှစ်၊ ဧပြီလမတိုင်မီက အကြီးစားပြုပြင်မှုများ ပြုလုပ်ခဲ့ရာတွင်
တိုင်လုံးပေါင်း ၂ဝဝ ကျော်ကို ရေမတက်မီ ကာလတွင် အသစ်လဲလှယ်ခဲ့ပြီး ဖြစ်သည်။
သြဂုတ်လဆန်းပိုင်းတွင် ရေတက်လာသဖြင့် ပြုပြင်မှုများ ရပ်နားထားခဲ့ပြီး လက်ရှိတွင် တိုင်လုံးပေါင်း
၃၅ တိုင်ကို ရေဦးကျောင်းတိုက်မှ သယ်ယူထားကြောင်း၊ တိုင်လုံးများကို နေရာချထား၍ အကြီးစား
ပြုပြင်ခြင်း လုပ်ငန်းများကို Myanmarteakwood ကုမ္ပဏီ၏ ပ့ံပိုးကူညီမှုဖြင့် လုပ်ဆောင်သွားမည် ဖြစ်
ကြောင်း၊ တံတားကြီး ပြုပြင်မည့် နေ့ကို အတိအကျ မသိရသေးကြောင်း တောင်သမန် တံတားပြုပြင်
ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။










