လွယ်ဂျယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးမြင့်တက်လာ

လွယ်ဂျယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးမြင့်တက်လာ

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုလျော့ကျလာသော်လည်း လွယ်ဂျယ်နှင့်
ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ကုန်သွယ်မှုမြင့်မားလာကာ အမေရိကန်ဒေါ်လာ သန်း
၂၈ဝ နီးပါးအထိ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်
အတွင်းဝန် ဦးခင်မောင်လွင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ
လ ၁၅ ရက်က ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ
ကုန်သွယ် မှု ကျဆင်းခဲ့သော်လည်း လွယ်ဂျယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်
သွယ်မှု မြင့်တက် လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံဘက်တွင်လည်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်
သွယ်မှု မြင့်တက်လာကြောင်း ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်မှုသည် ဇန်နဝါရီလကုန်အထိ
စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလထက် ကုန်သွယ်မှုတိုးတက်လာခဲ့ပြီး အမေရိကန်
ဒေါ်လာ သန်း ၁၅ဝ ကျော်အထိ ပိုမိုကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အလားတူ
ကာလက အမေရိကန် ဒေါ်လာ ၅၈၂၂ ဒသမ ၃၇၂ သန်း ရရှိခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်
အမေရိကန်ဒေါ်လာ ၅၉၇၃ ဒသမ ၈ဝ၄ သန်း ရရှိထားကြောင်း သိရသည်။