မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရ ၆၅ ရာခိုင်နှုန်း ကျော် အတွက် အလုပ်အကိုင်များ ဖန်တီး ပေးနိုင်

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရ ၆၅ ရာခိုင်နှုန်း ကျော် အတွက် အလုပ်အကိုင်များ ဖန်တီး ပေးနိုင်

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသား ကျောင်းသူ ၆၅ ရာခိုင်နှုန်းကျော်အတွက်
အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၆ ရက်က ဖော်ပြထားသည်။

စာရင်းဇယားအရ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရတဲ့ ကျောင်းသားကျောင်းသူ ၆၅
ရာခိုင်နှုန်းကို ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ အလုပ်အကိုင်ရှာဖွေပေးနိုင်မှုမှာ သင်္ဘောကုမ္ပဏီများ၏
လိုအပ်ချက်နှင့် သင်္ဘောလိုင်းများ၏ အတက်အကျပေါ်တွင် မူတည်ကြောင်း၊ အချို့သင်္ဘောလိုင်းများ
ပြိုလဲသွားလျှင် အနည်းငယ်ရိုက်ခတ်မှုများ ရှိသော်လည်း ကြိုတင်ရွေးချယ်ခန့်ထားခြင်း ဖြစ်သောကြောင့်
ကျောင်းသူကျောင်းသားများအတွက် အလုပ်အကိုင်နေရာ ရှိကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ
တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင်
ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်အနေဖြင့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်
ရရှိစေရေးအတွက် နိုင်ငံခြားသင်္ဘောကုမ္ပဏီ ၂၈ ခု၊ ပြည်ပကုမ္ပဏီ ၈ ခုဖြင့် သဘောတူစာချုပ်များ ချုပ်ဆို
ကာ အလုပ်အကိုင်နှင့် ပညာသင်ဆုများရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယနှစ်နှင့် စတုတ္ထနှစ်
များမှ စတင်ကာ အလုပ်အကိုင်များ ခန့်ထားပေးရန် သင်္ဘောကုမ္ပဏီများက လာရောက် ရွေးချယ်ပေးလျက်
ရှိသဖြင့် အချို့မှာ သင်္ဘောများပေါ်၌ သင်္ဘောသားအဖြစ် အလုပ်အကိုင် ရရှိပြီး အချို့မှာ သင်္ဘောဆိပ်ကမ်း
များ၌ အလုပ်အကိုင်များ ရရှိနေကြကြောင်း သိရသည်။