ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသားလုံခြံုရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နှင့် သံအမတ်ကြီး များနှင့် သံတမန်များ မိတ်ဆက်တွေ့ဆုံ

ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသားလုံခြံုရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နှင့် သံအမတ်ကြီး များနှင့် သံတမန်များ မိတ်ဆက်တွေ့ဆုံ

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ အခြေစိုက်
သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုး
သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၅ ရက်က မိတ်ဆက်
တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၁၅ ရက်
က ဖော်ပြထားသည်။

ပြည်တွင်းပြည်ပအန္တရာယ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့
ကို မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား
လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ပြီး တာဝန်ပေး
ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆)  သဘောတူ ဆုံးဖြတ်ချက်
အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်း
ကို ဇန်နဝါရီလ ၁၀ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြံုရေး
ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့်
သံတမန်များ အပါအဝင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။