တန်ဖိုးမြင့် ၀ါးမီးသွေး ၊ ၀ါးဆပ်ပြာနှင့် ၀ါးပရိဘောဂများ ယခုနှစ်အတွင်း ပထမဆုံး စတင်ထုတ်လုပ်မည်

တန်ဖိုးမြင့် ၀ါးမီးသွေး ၊ ၀ါးဆပ်ပြာနှင့် ၀ါးပရိဘောဂများ ယခုနှစ်အတွင်း ပထမဆုံး စတင်ထုတ်လုပ်မည်

မန္တလေးမြို့တွင် ဝါးမှ ထုတ်လုပ်သော တန်ဖိုးမြှင့် ထုတ်ကုန်များ ဖြစ်သည့် ဝါးမီးသွေး၊
ဝါးဆပ်ပြာနှင့် ဝါးပရိဘောဂများကို ယခုနှစ်အတွင်း ပထမဆုံးစတင်ထုတ်လုပ်မည် ဖြစ်
ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း (မန္တလေး) ၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းနှင့် GTB ကုမ္ပဏီတို့ ပူးပေါင်း၍ တန်ဖိုးမြင့်ထုတ်ကုန်
များကို ထုတ် လုပ်မည် ဖြစ်ပြီး ထုတ်ကုန်ထုတ်လုပ်မှုကိုလည်း သင်တန်းများ ဖွင့်လှစ်
သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တန်ဖိုးမြင့် ဝါးထုတ်ကုန် ထုတ်လုပ်ရန်အတွက် လုပ်သားရှားပါးပြီး လုပ်သား
အခက်အခဲ အဓိက ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းအနေဖြင့် ဝါးနှင့်
ပတ်သက်သည့် သင်တန်းများကို နိုင်ငံအနှံ့ အကြိမ် ၃ဝခန့် လှည့်လည်သင်ကြားပေးပြီး ဖြစ်
ကြောင်း သိရသည်။

လက်ရှိတွင် ဝါးသင်တန်းကျောင်း တည်ထောင်ရန်အတွက် နေရာအတည်တကျဖြစ်စေရန် ကြိုးပမ်း
လျက် ရှိပြီး နေပြည်တော်၌ တည်ထောင်ဖွင့်လှစ်ရန် နေရာရွေးချယ်ထားသည်ဟု ဆိုသည်။