ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် (၈) ရပ်ကွက်၊ အနော်ရထာလမ်းနှင့်
လမ်း ၃ဝ ထိပ်ရှိ စည်ပင်သာယာအမှိုက်ပုံအား သန့်ရှင်းရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီလ
၁၇ ရက်က ကျည်အိမ်ခွံအဟောင်းများထည့်ထားသော လက်ဆွဲအိတ်အဟောင်းတစ်လုံးကို
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးလုပ်သားက တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
ထိုသို့ တွေ့ရှိခဲ့သည်ကို မြို့နယ်ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်
များက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်များအရ သံချေးတက်နေသော စက်လက်
ကျည်အိမ်အဝိုင်း ၁ ခု၊ အမ် ၁၆ ကျည်အိမ် ၄ ခု၊ ကာဘိုင်ကျည်အိမ် အတို ၁ ခု၊ ကာဘိုင် ကျည်
အိမ်အရှည် ၁ ခု၊ ပစ္စတို ကျည်အိမ် ၁ ခုနှင့် အေကေ ၄၇ ကျည်အိမ် စသည်တို့ကို တွေ့ရှိရသဖြင့်
စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (အင်းတိုင်) သို့ ဆက်သွယ်အပ်နှံသွားမည် ဖြစ်ကြောင်း
သိရသည်။










