စာမဖတ်သူ ပပျောက်ရေးအတွက် ဝတ္ထုထဲမှ ဇာတ်ကောင်များနှင့် စကားပြောခြင်း အစီအစဉ်ကို ရန်ကုန်စာအုပ်လမ်း၌ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်မည်

စာမဖတ်သူ ပပျောက်ရေးအတွက် ဝတ္ထုထဲမှ ဇာတ်ကောင်များနှင့် စကားပြောခြင်း အစီအစဉ်ကို ရန်ကုန်စာအုပ်လမ်း၌ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်မည်

စာမဖတ်သူပပျောက်ရေးရည်ရွယ်ချက်ဖြင့် စာပေနှင့် ရုပ်ရှင်အနုပညာရှင်များမှ တင်ဆက်သော
"ဝတ္ထု ထဲမှ ဇာတ်ကောင်များနှင့် စကားပြောခြင်း" အစီအစဉ်ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊
သိမ်ဖြူ လမ်းရှိ ရန်ကုန်စာအုပ်လမ်း၌ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်း
ဆောင်ရွက်သော အဆိုပါ အစီအစဉ်တွင် စာရေးဆရာများနှင့် ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများ ဖြစ်
ကြသော စာရေးဆရာ ချစ်ဦးညို၊ ဒါရိုက်တာကြည်စိုးထွန်းနှင့် စာရေးဆရာ ဦးကျော်ကျော် (စိတ်
ပညာ) တို့က ဝတ္ထုထဲမှ ရုပ်ရှင်ဇာတ်ကောင်များအကြောင်းကို ပြောကြားခဲ့ပြီး ဝတ္ထုထဲမှ ဇာတ်ကောင်
အဖြစ် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်အနုပညာရှင်များဖြစ်သော ဦးခင်မောင်ချင်း၊ ခင်သီတာထွန်း၊
မြင့်မြင့်ခင်နှင့် မျိုးသန္တာထွန်းတို့က ရုပ်ရှင်ထဲမှ ဝတ္ထုဇာတ်ကောင်များအကြောင်းကို ပြောကြားခဲ့
ကြောင်း သိရသည်။

"ဝတ္ထုထဲမှ ဇာတ်ကောင်များနှင့် စကားပြောခြင်း" အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွား
မည် ဖြစ်ပြီး လာမည့် စနေနေ့တွင် ရုပ်ရှင်အနုပညာရှင် ပြေတီဦးအပါအဝင် အခြားသော အနုပညာရှင်
များနှင့် စာရေးဆရာများက ၄င်းတို့ ကြံုတွေ့ဖြတ်သန်းခဲ့သော ဝတ္ထုထဲမှ ဇာတ်ကောင်များအကြောင်းကို
ပြောကြားသွားမည်ဟု ဆိုသည်။