ချင်းအမျိုးသားနေ့အပြင် ပွဲတော်ကြီးသုံးမျိုး ဖလမ်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ချင်းအမျိုးသားနေ့အပြင် ပွဲတော်ကြီးသုံးမျိုး ဖလမ်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 ဖေဖော်ဝါရီလ ၂ဝ ရက်တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ကို
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျင်းပမည့်အပြင် ဖလမ်းမြို့တည် သက်တမ်းနှစ် (၁၂၅)
ပြည့်၊ မြို့တော်ခန်းမ နှစ် (၁ဝဝ) ပြည့်နှင့် ပြည်သူ့ဆေးရုံကြီး နှစ်(၁ဝဝ) ပြည့် အခမ်း
အနားတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ
မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၂၀ ရက်က ဖော်ပြထားသည်။

အဆိုပါပွဲတော်ကြီးတွင် အရှိုချင်းတိုင်းရင်းသားများ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
အသီး သီးမှ ရိုးရာဓလေ့အကပဒေသာများဖြင့် လာရောက်ပါဝင် ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်
သည်။ ရှေး အစဉ်အဆက်နေထိုင်လာခဲ့ကြသော ချင်းလူမျိုးတို့၏ အဆင့်ဆင့် ပြောင်းလဲလာခဲ့
သည့် လူနေမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုများကို ဝန်ကြီးဌာနအသီးသီးက ပြခန်းများ ခင်းကျင်း
ပြသခြင်း၊ ချင်း တိုင်းရင်း သားမျိုးနွယ်စုများ၏ မတူညီသော ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊
ရိုးရာတေး သရုပ်ဖော်အကနှင့် ညပိုင်းတွင် စင်တင်တေးဂီတအဖွဲ့များ၏ ခေတ်ပေါ်တေးသီချင်း
သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ ရိုးရာ စားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်နှင့် စျေးအရောင်း
ဆိုင်များ၊ ချင်းရိုးရာ နပန်းပြိုင်ပွဲနှင့် အခြား အားကစားပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း
စီစဉ်ထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။

ချင်းတိုင်းရင်းသားတို့၏ အမျိုးသားလက္ခဏာတစ်ရပ်အဖြစ် ကျင်းပသည့် ချင်းအမျိုးသားနေ့ကို
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ဖလမ်းမြို့၌ ပထမဆုံးစတင်ကျင်းပခဲ့သော
လွတ်လပ်ရေး အောင်ပွဲလူထု ညီလာခံသဘင် (ချင်းအမျိုးသားညီလာခံ) ကို အစွဲပြု၍ ချင်း
အမျိုးသားနေ့ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် ချင်းပြည်နယ်(တောင်ပိုင်း) မင်းတပ်မြို့
၌  ကျင်းပခဲ့ရာ ကျန်နှစ်များတွင် ဟားခါးမြို့၌ ကျင်းပခဲ့သည်ဟု ဆိုသည်။