YBS 37 ယာဉ်လိုင်းတွင် ပြေးဆွဲမည့် YBPC ကုမ္ပဏီ၏ ခရီးသည်တင် ယာဉ်များ ထပ်မံရောက်ရှိ

YBS 37 ယာဉ်လိုင်းတွင် ပြေးဆွဲမည့် YBPC ကုမ္ပဏီ၏ ခရီးသည်တင် ယာဉ်များ ထပ်မံရောက်ရှိ

ရန်ကုန်မြို့၏ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် YBS 37 ယာဉ်လိုင်း
တွင် ဝင်ရောက်ပြေးဆွဲမည့် YBPC ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ၏ ခရီးသည်
တင်ယာဉ်များ ထပ်မံရောက်ရှိလာပြီး မကြာမီတွင် ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲ
သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။

YBPC ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီသည် လက်ရှိတွင် ၈၅ စီးဖြင့် ပြေးဆွဲလျက်
ရှိပြီး အစီး ၁ဝဝ ခန့် ထပ်မံဖြည့်တင်းရန် စီစဉ်လျက်ရှိကြောင်း၊ ထပ်မံရောက်ရှိလာသော
ယာဉ်များကို ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန် စက်များတပ်ဆင်ခြင်း၊ ယာဉ်လိုင်းနံပါတ်နှင့်
တံဆိပ်များတပ်ဆင်ခြင်းနှင့် လိုအပ်ချက်များကို ပြင်ဆင်နေကာ ခရီးသည်တင်ယာဉ်လိုင်း
များတွင် ဝင်ရောက်ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။ YBPC ကုမ္ပဏီသည်
အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းပါဝင်မှု PPP စနစ်ဖြင့် ထူထောင်ထားသော အများပိုင်ဘတ်စ်ကား
လိုင်း ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခင်က BRT Lite ယာဉ်လိုင်းအနေဖြင့် လမ်းကြောင်းသုံးခုကို
ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယခု YBS ယာဉ်လိုင်းစနစ်ပြောင်းလဲခြင်းတွင် ယာဉ်လိုင်းအမှတ် ၃၇ ဖြင့် ထောက်ကြန့်-စံပြ
လမ်းကြောင်းကို ပြေးဆွဲလျက်ရှိသည်။ ယခင်က ယာဉ်စီးခ ပုံသေ ၃ဝဝ ကျပ်ဖြင့် ကောက်ခံ
ခဲ့သော်လည်း ယခု ၂ဝဝ ကျပ်နှုန်းဖြင့်သာ ကောက်ခံပြေးဆွဲနေပြီး ယာဉ်နောက်လိုက် ပါဝင်
ခြင်းမရှိသည့် ကတ်စနစ်သုံး ငွေပေးချေကတ်ကို အသုံးပြုနေသော ယာဉ်လိုင်းဖြစ်သည်ဟု
ဆိုသည်။