မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် ဘော်လီဘောအသင်းများ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားမည်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် ဘော်လီဘောအသင်းများ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားမည်

 

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာ
စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော် ဘော်လီဘောအသင်းနှင့် အိန္ဒိယ တပ်မတော်
ဘော်လီဘောအသင်းတို့ ချစ်ကြည်ရေးယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြဝတီသတင်း
တစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။

အဆိုပါ ချစ်ကြည်ရေးဘော်လီဘောအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၅ရက်အထိ
နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်
အတွင်း နေပြည်တော်ရှိ အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာ လည်ပတ်မည် ဖြစ်
ကြောင်း သိရသည်။

အိန္ဒိယတပ်မတော်မှ Lt.Col. S Ganesh ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါသည့် ဘော်လီဘော
အသင်းသည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြသည်။