AFC Cup 2017 Myanmar Club ပြိုင်ပွဲများအား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

AFC Cup 2017 Myanmar Club ပြိုင်ပွဲများအား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

AFC Cup 2017 Myanmar Club ပြိုင်ပွဲများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။

2016 MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ရတနာပုံအသင်းသည် AFC Cup ပြိုင်ပွဲ
တွင် 2017 AFC Champion League Playoff အဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး Playoff
ပြိုင်ပွဲတွင် စာခိုထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည့်အတွက် AFC Cup အဆင့်သို့ ဆင်း၍
ယှဉ်ပြိုင်ခဲ့ ကြောင်း၊ မကွေးအသင်းအနေဖြင့် ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင်
ချန်ပီယံဖြစ်ခဲ့ပြီး AFC Cup ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။