ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်နှင့် အကြိုပြင်ဆင်ရေး ဖိုရမ်များ ကျင်းပမည်

ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်နှင့် အကြိုပြင်ဆင်ရေး ဖိုရမ်များ ကျင်းပမည်

ပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက် ရေးအတွက် ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်နှင့် အကြို
ပြင်ဆင်ရေး ဖိုရမ်များ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။

တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် “ပထမအကြိမ် အရပ်ဘက်
အဖွဲ့အစည်းများ ဖိုရမ်အတွက် အကြိုပြင်ဆင်ရေးဖိုရမ်” ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး
မှ ဖိတ်ကြားထားသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ကွန်ရက်များမှ တက်ရောက်ဆွေးနွေးသူ
၆၀၀ ခန့်ဖြင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ-၂ (MICC-II) နေပြည်
တော်တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် “ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်း
များ ဖိုရမ်” ကို တက်ရောက်ဆွေးနွေးသူ ၅၀၀ ခန့်ဖြင့်လည်းကောင်း ပြုလုပ်သွားမည်ဟု သိရသည်။

ဖိုရမ်၏ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း
ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး
ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ သတင်းမီဒီယာအသီးသီးမှလည်း တက်ရောက်သတင်းယူနိုင်
ကြောင်း ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီက တိုက်တွန်း
ထားသည်။