ပြင်ဦးလွင်မှ မတ္တရာသို့ ဖြတ်လမ်းမှတဆင့် သွားလာနိုင်တော့မည်

ပြင်ဦးလွင်မှ မတ္တရာသို့ ဖြတ်လမ်းမှတဆင့် သွားလာနိုင်တော့မည်

 

ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာနှင့် မတ္တရာမြို့နယ် မန္တလေး-မတ္တရာကားလမ်းပေါ်ရှိ
ကျောက်တံတားကျေးရွာတို့ကို ဆက်သွယ်ထားသည့် အနီးစခန်း - တောင်ခေါင်း-ကင်းရွာ - ကျောက်တံတားလမ်းကို ကျောက်ခင်းအမာခံလမ်းအဖြစ် ဖောက်လုပ်ပြီးပါက ပြင်ဦးလွင်မှ
မတ္တရာသို့ မန္တလေးမှတဆင့် ကွေ့ပတ်သွားရန် မလိုတော့ဘဲ ဖြတ်လမ်းမှ အလွယ်တကူ
သွားလာနိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်
၀ါရီလ ၂၁ ရက်က ဖော်ပြထားသည်။

၁၉၇၂ ခုနှစ် ဝန်းကျင်က ဖောက်လုပ်ခဲ့သော အဆိုပါလမ်းမှာ နောင်တွင် သစ်ထုတ်လုပ်ရေး
လမ်းအဖြစ် အသုံးပြုခဲ့မှုကြောင့် လမ်းမျက်နှာပြင်များ ဆိုးရွားစွာ ပျက်စီးလျက်ရှိပြီး လမ်းပေါ်ရှိ
ချောင်းကူးဘေလီတံတားများမှာလည်း ပျက်စီးယိုယွင်းသွားခဲ့ခြင်း ဖြစ်သည်။ တောင်ခေါင်း-ကင်းရွာလမ်းပိုင်းကို ကျောက်ခင်းအမာခံလမ်း ပထမအဆင့် ဖောက်လုပ်ပြီးစီးပြီ ဖြစ်၍ ကျောက်
တံတားကျေးရွာမှ ကင်းရွာ၊ ကျောက်ဆည်လေး၊ စခန်းသာ၊ ဆီးဖြူပင်၊ တောင်ခေါင်း စသည့်
ကျေးရွာများသို့ အလွယ်တကူ ဆက်သွယ်သွားလာနေကြပြီဖြစ်သည်။ ထို့အတူ အရှည် ၁၉ မိုင်
၇ ဖာလုံရှိသော အနီးစခန်း - တောင်ခေါင်းလမ်းပိုင်းကိုလည်း မြေသားပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းဖောက်လုပ်ရာတွင် ချောင်းကူးတံတား ၁၁ စင်းကိုလည်း
တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရ သည်။

လမ်းတစ်လျှောက်ရှိ ဘယော၊ မဟော်ရာ၊ လယ်တော စသည့် ကျေးရွာငယ်များ၊ တောင်ယာတဲ
အိမ်စုများနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများမှ ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေးမကောင်း
သဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ နိမ့်ကျလျက် ရှိသဖြင့် အနီးစခန်း-တောင်
ခေါင်း-ကင်းရွာလမ်းပိုင်းကို ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းအမာခံလမ်းအဖြစ် ဖောက်
လုပ်ပေး သွားမည်ဖြစ်ပြီး ကွန်ကရစ်လမ်းအဖြစ်လည်း အဆင့်မြှင့်တင်ပေးရန် စီစဉ်နေသည်ဟု
ဆိုသည်။