ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့သည့်အနေဖြင့် အငှားယာဉ်များကို ထက်ဝက်
ခန့် လျှော့ချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီ
လ ၂၁ ရက်က ဖော်ပြထားသည်။
ရန်ကုန်မြို့တွင်းယာဉ်ကြောကျပ်တည်းရခြင်းအကြောင်းရင်းတွင် အငှားယာဉ်များလည်း ပါ၀င်နေသဖြင့်
ပြန်လည်စိစစ်ကာ လျှော့ချသွားမည် ဖြစ်ကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေ
ဖြင့် အငှားယာဉ်စာရင်း အထောက်အထားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပေးပြီး ဖြစ်သော်
လည်း အငှားယာဉ်များနှင့် ပတ်သက်၍ ပြန်လည်စိစစ်ခြင်းကို တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်မည်
ဖြစ်ကြောင်း တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးသိန်းဦး (ရန်ကုန်တိုင်းဒေသကြီး ဦးစီး
မှူး) က ပြောကြားခဲ့သည်။
ယခုအခါ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်များတွင် AA၊ BB၊ CC ဟူသော အမြဲတမ်းအငှား
ယာဉ်မျိုး သုံးသောင်းကျော်၊ လေးသောင်းနီးပါးရှိပြီး အိမ်စီးကားအနက်မှ ပြောင်းလာသော အငှားယာဉ်
၂၇၀၀၀ ကျော်၊ စုစုပေါင်း အရေအတွက် ၆၆၀၀၀ ကျော် ရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်
ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ ရန်ကုန်မြို့
တွင်း တရားဝင်အငှားယာဉ် ၆၆၀၀၀ ကျော် ရှိသည် မှန်သော်လည်း မြို့တွင်းပြေးဆွဲနေသော ယာဉ်များတွင်
နယ်ကားများ ပါ၀င်နေသဖြင့် ယာဉ်ကြောကျပ်တည်းမှုကို ပိုမိုခံစားနေရပြီး မြို့တွင်းလမ်းများပေါ်၌ ယာဉ်
၁၀ စီးတွင် အငှားယာဉ် ရ စီး ဝန်းကျင်ထိ များပြားကြောင်း၊ အထူးသဖြင့် ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး
မှ နယ်အငှားယာဉ်များကို အများဆုံးတွေ့မြင်နေရကြောင်း အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။










