ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏ (၁၀၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ
ပွဲတော်ကို မတ်လ ၄ ရက်မှ မတ်လ ၁၂ ရက်အထိ ကိုးရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။
ယခုနှစ်ကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော်တွင် ညစဉ် ဓမ္မပူဇာတရားပွဲများကို ရေလယ်ဘုရားလမ်း
ယာဉ်ရပ်နားကွင်းတွင် မတ်လ ၄ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ရေလယ်စေတီတော် ငါးစပ်
ဘုရား အာရုံခံတန်ဆောင်းအတွင်း၌လည်းကောင်း မတ် ရ ရက်မှ ၁၂ ရက်အထိလည်းကောင်း
ကျင်းပမည် ဖြစ်ပြီး သံဃာတော်အပါး ၃၀ တို့က အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်
ဖြစ်ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့တွင် စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး ဆွမ်းတော်ကြီး
ဆပ်ကပ်ပူဇော်ခြင်း၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာ ၁၈၅ ပါးအား ရွှေမှော်
ဝန်း သာသနာ့ဗိမာန်တော်၌ နေ့ဆွမ်းဆက်ကပ်ပြီး ငွေပဒေသာပင်များနှင့် ဆွမ်းဆန်တော်များ
လောင်းလှူ ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကာ ညပိုင်းတွင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်၏
၁၂ ကြိမ် မြောက် ဆီမီးမျှောပူဇော်ပွဲနှင့် ပထမအကြိမ် ဆီမီးငါးထောင်ထွန်းညှိပူဇော်ပွဲကိုလည်း
ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။
ထို့ပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် ဇာတ်သဘင်အဖွဲ့များ၏ ဖျော်ဖြေပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပွဲ၊
အပျော်တမ်း သက်ကြီးဘောလုံးပြိုင်ပွဲ၊ စတုဒိသာနိဗ္ဗာန်ဈေးပွဲနှင့် ဈေးရောင်းပွဲတော်များ စသည်ဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ဆိုသည်။










