ရခိုင်ပြည်နယ်အတွက် မလေးရှားနိုင်ငံအစိုးရက လှူဒါန်းသည့် လူသားချင်းစာနာမှု အထောက်အပံ့
ပစ္စည်းများသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် စစ်တွေဖောင်တော်ကြီး ဆိပ်ခံတံတားသို့ ရောက်ရှိခဲ့
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြ
ထားသည်။
ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အဆိုပါ လူသားချင်းစာနာမှုအထောက်အပ့ံပစ္စည်းများကို ရခိုင်
ပြည်နယ်အတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းများထံ ထောက်ပံ့သွားမည် ဖြစ်သည်။ မလေးရှားနိုင်ငံအစိုးရ
က လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲ ၁၈၄၆ ဖာ၊ ရေသန့် ၉၇၅ ဖာ၊ သွားတိုက်
ဆေး ဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ တဘက် ၉၅ ထုပ်၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊
ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်
သည်းညှပ် ၉ ဖာနှင့် ဖိနပ် အိတ် ၅ဝ တို့ ဖြစ်ကြောင်း သိရသည်။










