ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံနေ

ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံနေ

၂ဝ၂ဝပြည့်နှစ်တွင် ပြည်တွင်းဆေးဝါး သုံးစွဲမှုလိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်းကို အပြီးသတ် ဖြည့်ဆည်း
ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်
က ထုတ်ပြန်သော သတင်းများကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က
ဖော်ပြထားသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ပြည်တွင်းဆေးဝါးလိုအပ်မှု၏
၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့
ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ တစ်နှစ်လျှင် ထိုးဆေး သန်း၂ဝ တိုးမြှင့် ထုတ်လုပ်သွား
မည်ဟု ဆိုသည်။

စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် အသည်းရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးများကို
နိုင်ငံသားများအား ထိုးနှံပေးနိုင်ရေးအတွက် အဆိုပါစက်ရုံကို ၂ဝဝ၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး
၂ဝ၁၆ ခုနှစ်က ကိုရီးယားနိုင်ငံ LG Life Science (LGLS) ကုမ္ပဏီနှင့် ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ
အသည်းရောင် အသားဝါ (ဘီပိုး) ကာကွယ်ဆေးများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းစျေးကွက်များ
သို့ ဖြန့်ချိပေးနေပြီ ဖြစ် ကြောင်း သိရသည်။