ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများကို အရေးပေါ်
ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် မန္တလေးမှ နေပြည်တော် ဧရိယာအတွင်းရှိ
နေရာ ၃ နေရာတွင် လူနာတင်ယာဉ်များနှင့် ပြုစုစောင့်ရှောက်ရေးစခန်းများ
ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်း ကြီးကြပ်
မှု ကော်မတီ (ယကက-အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်း၏ ပြောကြားချက်
ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြ
ထားသည်။
လူနာတင်ယာဉ်နှင့် ပြုစုစောင့်ရှောက်ရေးစခန်းများ ဖွင့်လှစ်ထားရှိရန် တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိသဖြင့် လူနာတင်ယာဉ် ၃ စီးကို ၀ယ်ယူပြီး တာဝန်ထမ်း
ဆောင်သူများနှင့် ပရဟိတကူညီသူ အဖွဲ့ဝင်များဖြင့် စီစဉ်ပြီး ဖြစ်ကြောင်း၊ အမြန်လမ်း
တွင် ယာဉ်မတော်တဆမှုဖြစ်လာပါက အချိန်မီကယ်ဆယ်ရေးလုပ်နိုင်မည် ဖြစ်ကြောင်း
(ယကက-အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောကြားခဲ့သည်။
အမြန်လမ်း မိုင််တိုင်(၃၆၆)၊ သာစည်လမ်းခွဲနှင့် မလှိုင်လမ်းခွဲတို့တွင် အရေးပေါ်ကယ်ဆယ်
ရေးစခန််းနှင့့် လူနာ တင််ယာဉ် ၂ စီးထားရှိသွားမည်် ဖြစ်ပြီး ယာဉ်မတော်တဆ ဖြစ်စဉ်များ
ကြောင့် ခရီးသွားပြည်သူများ အသက် ဆုံးရှုံးမှု မရှိစေရန််နှင့် ဆေးကုသမှု အမြန််ဆုံးရရှိစေ
ရန်် ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။










