ကျန်းမာရေးအတွက် အကျိုးအာနိသင်များစွာ ပါဝင်သည်ဟု ယုံကြည်ကာ ပယင်းကျောက်
ဝတ်ဆင်မှု ပိုမိုများပြားလာပြီး ရောင်းအား ပိုကောင်းလာကြောင်း မကွေးမြို့၊ ပယင်းကျောက်
ရောင်းဝယ်သူများ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ
၂၂ ရက်က ဖော်ပြထားသည်။
မကွေးမြို့မှ ပယင်းကျောက်ရောင်းချသူများသည် အသင့်လုပ်ပြီး ဆွဲကြိုး၊ လက်ပတ်၊ နားဆွဲ
စသော ပစ္စည်းထည်များကို ရောင်းချကြပြီး ပယင်းကျောက်ရောင်းချရမှုမှာ ၂ဝ၁၆ခုနှစ် နှစ်
ကုန်ပိုင်းမှ စတင်၍ ယခုနှစ်အစပိုင်းထိ အရောင်းအဝယ်ကောင်းနေဆဲ ဖြစ်ကြောင်း ကျောက်
မျိုးစုံရောင်းချသူများက ပြောကြားခဲ့သည်။ ပယင်းကျောက်သည် အခြားကျောက်များကဲ့သို့ တွင်း
ထွက်အမျိုးအစားမဟုတ်ဘဲ နှစ်သန်းပေါင်းများစွာ ထင်းရှူး မျိုးနွယ်သစ်ပင်ကြီးများ၏ အစေးမှ
ဖြစ်ပေါ်လာသော ကျောက်ဖြစ်ကြောင်း၊ ပယင်းကျောက်အမျိုးမျိုး ရှိသည့် အနက် ကချင်ပြည်နယ်
ဟူးကောင်းတောင်ကြား တနိုင်းနှင့် ခန္တီးဒေသများမှ ထွက်သော ပယင်းကျောက်ကို ပို၍ လူကြိုက်
များကြောင်း သိရသည်။
ပယင်းကျောက်သည် သွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချို
ရောဂါများကို ပျောက်ကင်းစေကြောင်း ယြုံကည်ကြသဖြင့် လြူကီးပိုင်းများက ကျန်းမာရေးအတွက် ဝတ်ဆင်ကြသကဲ့သို့ နောက်ပိုင်းတွင် ရောင်းချသူများက လူငယ်ကြိုက် ဖန်စီများအဖြစ် ပြုလုပ်
ရောင်းချကြသဖြင့် လူငယ်များလည်း ဝတ်ဆင်လာကြခြင်း ဖြစ်သည်။ ပယင်းကျောက်သည် အရောင်
ပေါ်မူတည်၍ ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းထိ စျေးနှုန်းကွာခြားမှု ရှိကာ ပယင်းကျောက်
ထဲတွင် အကောင်လေးများနှင့် သစ်ရွက်များပါလျှင် စျေးနှုန်းပိုရကြောင်း ပယင်းကျောက်ရောင်းချသူ
များက ဆိုသည်။










