မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရရှိသည့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် သွားရောက်အားပေး

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရရှိသည့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် သွားရောက်အားပေး

မိုင်းကိုင်မြို့တွင် စာမေးပွဲဖြေဆိုမည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊
အလက (ခွဲ) ဟမ်းငိုင်းမှ ကျောင်းသားကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်
သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မိုင်းကိုင်မြို့သို့ အလာလမ်း၌ တိမ်းမှောက်ခဲ့ကြောင်း ပြန်
ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ်မောင်းနှင်သူ (၁)ဦး အပါအဝင် ကျောင်းသား
ကျောင်းသူ ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃)ဦးကို မိုင်းကိုင်ဆေးရုံတွင်လည်းကောင်း၊ (၁၀)ဦး
ကို လွိုင်လင်ဆေးရုံတွင်လည်းကောင်း၊ (၄) ဦးကို စဝ်စံထွန်းဆေးရုံတွင်လည်းကောင်း ဆေးကုသ
ပေးလျက် ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် ဆေးရုံတက်ရောက်ကုသနေသည့် ကျောင်းသားကျောင်းသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့ သွားရောက်ကြည့်ရှု၍ လိုအပ်
သည်များ မှာကြားပြီး အားပေးစကားပြောကြားခဲ့သည်ဟု ဆိုသည်။