ပြည်တွင်း၌ ဟိုတယ်ခနှုန်းထား ကြီးမြင့်မှု၊ လေယာဉ်လက်မှတ်ခနှုန်းထား ကြီးမြင့်ခြင်းနှင့်
ခရီးသွားအများဆုံး သွားရောက်လေ့ရှိသည့် လေဆိပ်များသို့ နိုင်ငံတကာလေကြောင်းလိုင်း
များ တိုက်ရိုက် ချိတ်ဆက်ဆင်းသက် နိုင်မှုမရှိခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား
ဧည့်သည် လာရောက်မှု လျော့နည်းနေကြောင်း ခရီးသွား လုပ်ငန်းရှင်များ၏ ပြောကြားချက်
ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က ဖော်ပြထားသည်။
၂ဝ၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ အလုံးအရင်း
နှင့် ဝင်ရောက်လာချိန်တွင် ၄င်းတို့အား ဝန်ဆောင်မှုပေးနိုင်သည့် ဟိုတယ်အခန်းအရေအတွက်
မှာ စျေးကွက်လိုအပ်ချက်နှင့် အညီ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် ဟိုတယ်
အခန်းခများမှာလည်း ဒေသတွင်းအာဆီယံနိုင်ငံများထက် မြင့်မားနေခြင်း၊ ပြည်တွင်းလေကြောင်း
လိုင်းများ၏ လေယာဉ်လက်မှတ်နှုန်းထား မြင့်မားနေခြင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး
သွားရောက်လည်ပတ်သည့် ပုဂံ၊ ဟဲဟိုးနှင့် စစ်တွေ စသည့် နေရာများသို့ နိုင်ငံတကာလေကြောင်း၊
လိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်မှု မရှိခြင်းမှာ ခရီးသွားများ လာရောက်လည်ပတ်မှု လျော့နည်းရ
ခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်သည်။
ထို့ပြင် ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်
အထည် ဖော် ဆောင်ရွက်ပေးမှုမှာ အားနည်းနေသေးသည့်အတွက် မြန်မာနိုင်ငံသို့ တစ်ကြိမ်ရောက်
ဖူးသည်နှင့် ထပ် တလဲလဲ ပြန်လာချင်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက် အလွန်နည်း
ပါးကြောင်း၊ မြန်မာနိုင်ငံ၌ တစ်ပတ်နေထိုင်မည့် ခရီးသွားစရိတ်သည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌
နှစ်ပတ်ခန့် လည်ပတ်နိုင်ကြောင်း သိရသည်။
မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ လေကြောင်းလိုင်းကဏ္ဍများသာမက
အခြေခံ အဆောက်အအုံများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံကို ထပ်ခါထပ်ခါ ပြန်လာ
ပြီး လည်ပတ်စေရန် သင့်တင့်သော စျေးနှုန်းဖြင့် ဆွဲဆောင်နိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီး
သွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။










