CNN သတင်းဌာနက ဖော်ပြခဲ့သည့် ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင်
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၌ ဖွင့်လှစ်ထားသည့် Rangoon Tea House လည်း ပါဝင်ကြောင်း
CNN သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်က ဖော်ပြထားသည်။
ကမ္ဘာအနှံ့အပြားမှ အကောင်းဆုံး လက်ဖက်ရည်ဆိုင်များနှင့်အတူ ပူးတွဲ ဖော်ပြထားသည့် ကမ္ဘာ့
အကောင်းဆုံးလက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် Rangoon Tea House ကို တတိယနေရာ
တွင် ဖော်ပြထားပြီး Rangoon Tea House သည် ပြည်တွင်းဒေသခံများနှင့် နိုင်ငံခြားခရီးသွား
ဧည့်သည်များ တွေ့ဆုံနိုင်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ကြောင်း ရေးသားထားသည်။
Rangoon Tea House တွင် လက်ဖက်ရည်၊ ရေနွေးကြမ်းအပြင် မြန်မာနိုင်ငံ၏ နာမည်ကျော်
အစားအစာတစ်ခု ဖြစ်သည့် အုန်းနို့ခေါက်ဆွဲကိုလည်း စားသုံးနိုင်မည် ဖြစ်ပြီး တိတ်ဆိတ်ငြိမ်
သက်သည့် ဝန်းကျင်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် နံပါတ် (၁) နေရာ၌ ဖော်ပြထား
သည့်ဆိုင်မှာ တာဂျစ်ကစ္စတန်နိုင်ငံမှ Rokhat Dushanbe ဟု အမည်ရသည့် ဆိုင်ဖြစ်ပြီး ထို
ဆိုင်မှနေ၍ မြို့၏ လှပသော မြင်ကွင်းများကို လှမ်းမြင်နိုင်သဖြင့် လက်ဖက်ရည်သောက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ဟု ဆိုသည်။
ဒုတိယနေရာတွင် ဖော်ပြထားသည့် ဆိုင်မှာ အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်မှ Tea House 278
ဖြစ်ပြီး ဆိုင်အတွင်း၌ ကျောက်တုံးဥယျာဉ်များ၊ တရုတ်အနုပညာ အလှဆင် ဖန်တီးထားမှုများကို
တွေ့မြင်ရမည် ဖြစ် ကြောင်း၊ တရုတ်နှင့် တရုတ် (တိုင်ပေ) တို့ရှိ မိသားစုပိုင် လက်ဖက်စိုက်ခင်း
များမှ ထွက်သည့် လက်ဖက်ခြောက်ဖြင့် ဖျော်စပ်ထားသော လက်ဖက်ရည်ကိုသာ ရောင်းချခြင်း
ဖြစ်ကြောင်း သိရသည်။










