ပထမတန်းသင်ရိုးသစ်တွင် ဖွံ့ဖြိုးရေးဘာသာရပ်ကို မသင်မနေရ ဘာသာအဖြစ် သင်ကြားမည်

ပထမတန်းသင်ရိုးသစ်တွင် ဖွံ့ဖြိုးရေးဘာသာရပ်ကို မသင်မနေရ ဘာသာအဖြစ် သင်ကြားမည်

ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်အရ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပြောင်းလဲ
သင်ကြားမည့် ပထမတန်း သင်ရိုးသစ်တွင် ဖွံ့ဖြိုးရေးဘာသာရပ်ကို မသင်မနေရ
ဘာသာအနေဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း Child Center Approch
Project တာဝန်ခံ ဒေါ်ဌေးဌေးဟန်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။

ပထမတန်းသင်ရိုးသစ်ဘာသာရပ်တွင် ကလေးများ၏ တတ်မြောက်မှုစွမ်းရည်ကို စာမေးပွဲ
ကျင်းပ စစ်ဆေးပေး ခြင်းထက် တတ်မြောက်မှုအနေအထားကိုသာ အကဲဖြတ်သွားမည် ဖြစ်
သည့်အတွက် ဖွံ့ဖြိုးရေးဘာသာရပ်ကိုလည်း ပြဋ္ဌာန်းဘာသာရပ်များကဲ့သို့ မသင်မနေရ အနေ
ဖြင့် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ကာယပညာ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊
အနုပညာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တို့ ပါဝင်ပြီး တိုင်းရင်းသားဒေသများ၌ တိုင်းရင်း
သားစာပေကိုပါ သင်ကြားပေးသွားမည့် အပြင် အနုပညာဘာသာရပ်တွင် ပန်းချီ၊ ဂီတ၊ မြန်မာ့
ရိုးရာ အကအခြေခံနှင့် ကာယဘာသာရပ်တွင်လည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေးအတွက်
ကာယလှုပ်ရှား ကစားနည်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပထမတန်းသင်ရိုးအရ ပြဋ္ဌာန်းဘာသာရပ်များ ဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သချင်္ာ
ဘာသာရပ်တို့ကိုသာ အဓိကသင်ကြားပေးပြီး ဖွံ့ဖြိုးရေးဘာသာရပ်များကို ကာယအချိန်တွင်သာ
အနည်းငယ် သင်ကြားပေး နေခြင်း ဖြစ်သည်။