အင်္ဂလန်နိုင်ငံမှ အမျိုးသမီး ရထားစက်ခေါင်းမောင်း Ms. Jan Covin Ford သည် မေလ ၁ဝ ရက်က
မြန်မာ့မီးရထားလက်အောက်ရှိ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှ ကြည့်မြင်တိုင်ဘူတာ၊ အင်းစိန်ဘူတာ၊
မင်္ဂလာဒုံဘူတာနှင့် ပုရွက်ဆိတ်ကုန်းဘူတာများ၌ အချက်ပြလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေ ၁၂ ရက်က ဖော်ပြထားသည်။
ထိုသို့ လေ့လာခွင့်ပြုရန် မြန်မာ့မီးရထားသို့ လျှောက်ထားခဲ့ပြီး မြန်မာ့မီးရထား၏ အထွေထွေမန်နေဂျာ
(အောက်မြန်မာပြည်)၏ ညွှန်ကြားချက်ဖြင့် မန်နေဂျာ(သွားလာရေး/တိုင်း) တိုင်း(၇) ရန်ကုန်နှင့် ရုံပိုင်
ကြီး (အထူးတန်း) ရုံပိုင်များ၊ လက်မှတ်စစ်အုပ် (ရန်ကုန်) နှင့် လက်မှတ်စစ်များ၊ တာဝန်ကျ ဝန်ထမ်း
များ၏ ကူညီဆောင်ရွက်မှုများဖြင့် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





