ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြစ်ကမ်းပါး၌ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို မိုးမကျမီ
ပြီးစီးနိုင် ရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊
စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်း တစ်ရပ်တွင် မေလ ၂၂ ရက်က ဖော်ပြထားသည်။
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအနေဖြင့် အဆိုပါ ညောင်တုန်းမြစ်ကမ်းပါး ရေကြီးရေလျှံမှုနှင့် မြစ်
ကမ်းပါး ပြိုကျခြင်းကို ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက်ငွေ ကျပ် သန်း ၉ဝဝ ကျော် လျာထားပြီး ဧရာ
ဝတီမြစ်ရေ မတက်မီ မြစ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့်
ဆောင်ရွက်နေကြောင်း၊ အချိန်မီ ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရေဘေးအန္တရာယ် စိုးရိမ်ရသည့် ညောင်တုန်း
၂၁ လမ်းနှင့် ၂၂ လမ်း ကမ်းနားတာအနီး၌ သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်း၊ ကျောက်
စီ မြေထိန်းနံရံများ တည်ဆောက်ခြင်းတို့ ပြုလုပ်လျက် ရှိသည်။
ထို့ပြင် အခြားရေဘေးအန္တရာယ် စိုးရိမ်ရသည့် ၂၄ လမ်းမှ ၂၇ လမ်းရှိ မြစ်ကမ်းတစ်လျှောက် ၌လည်း
သံကူကွန်ကရစ် ဘိုးပိုင်များ တည်ဆောက်ခြင်းနှင့် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကို
ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ညောင်တုန်းမြစ်ကမ်းပါး ရေကာတာသည် ဧရာဝတီမြစ်ရေ ရေကြောင်းထိုးခြင်းနှင့် ပန်းလှိုင်မြစ်ရေ
တိုက်စားခြင်းတို့ကြောင့် ညောင်တုန်းမြို့ ၂၁ လမ်းမှ စတင်ကာ ကွဲအက်နိမ့်ကျမှု ဖြစ်ပေါ်နေပြီး မြို့
မပျက်စီးရေး၊ မြစ်ကမ်းဘေး တာတမံအနီး နေထိုင်သူများ မိုးရာသီတွင် ရေဘေးအန္တရာယ်ကင်းစွာ
ေျနထိုင်နိုင်ရေး အချိန်မီ ပြီးစီးရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။





