WISDOM Education Centre (WEC) မှ ဖွင့်လှစ်မည့် သင်ကြားရေးအရည်အသွေးမြှင့် ဆရာဖြစ်
သင်တန်း အပတ်စဉ် (၃) သို့ တက်ရောက်သူများအား ပညာသင်ဆုပေးအပ်မည် ဖြစ်ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၂ ရက်က ဖော်ပြထားသည်။
အဆိုပါသင်တန်းကို WISDOM Education Centre (WEC) မှ Certificate Courses နှင့် ဒီပလိုမာ
Courses များဖြင့် မေ ၂၇ ရက်မှ စတင်ကာ ပို့ချသွားမည် ဖြစ်ပြီး သင်ကြားရေး ဆရာဆရာမများအဖြစ်
အလုပ်လုပ်ကိုင်နေကြသူများနှင့် သင်ကြားရေး ထူးချွန်သော ဆရာ၊ ဆရာမများအဖြစ် အသက်မွေး ဝမ်း
ကျောင်းပြုလိုကြသည့် ဘွဲ့တစ်ခုခု ရရှိပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား ကျောင်းသူ
များ တက်ရောက်နိုင်ကြောင်း သိရသည်။
မြန်မာ့ပညာရေးလောကအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် ခေတ်မီ သင်ကြား
ရေး နည်းစနစ်များ၊ သင်ထောက်ကူများ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းစာတမ်းများဖြင့် စာတွေ့နှင့်
လက်တွေ့ စနစ်တကျသင်ကြားပေးမည့် ဆရာ၊ ဆရာမ အရည်အသွေးမြှင့်သင်တန်းများကို ပညာရေး
ဆိုင်ရာ ပါမောက္ခများ၊ ဝါရင့်သဘာရင့် ဆရာဆရာမကြီးများ၊ ကလေးသူငယ် သင်ကြားရေးနှင့် စိတ်ပညာ
ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စာတွေ့လက်တွေ့ အထူးစီမံ သင်ကြားပို့ချပေးမည် ဖြစ်ပြီး သင်ကြား
ရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ချီးမြှင့်သွားမည်ဟု ဆိုသည်။
ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများဖြစ်သည့် UK ၊ USA ၊ Singapore ၊ Malaysia ၊ Thailand နှင့်
India နိုင်ငံများရှိ International University College များမှ အသိအမှတ်ပြုထားသော WEC မှ
Certificate ရရှိထားသူများသည် နိုင်ငံများတွင် ဆရာဆရာမများအဖြစ် အလုပ်အကိုင် အခွင့်အလမ်း
ရရှိမည် ဖြစ်သည်။
သင်ကြားရေးအရည်အသွေးမြှင့်သင်တန်းနှင့် ဆရာဖြစ်သင်တန်းအား မည်သူမဆို တက်ရောက်လိုပါက
WISDOM Education Centre (WEC) ၏ ဆက်သွယ်ရန်ဖုန်း ဝ၉-၇၉၈၄၃၇၇၈၂၊ ဝ၉-၉၆ဝ၇ဝ၇၁၃ဝ
နှင့် ဝ၉-၄၃ဝ၂ဝ၆၄၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး မေလ ၂၇ ရက်မတိုင်မီ သင်တန်း လာရောက်အပ်နှံ
သူများအတွက် ၁ဝ ရာခိုင်နှုန်း ပညာသင်ဆု ရရှိမည် ဖြစ်ကြောင်း သိရသည်။




