ဇမ္ဗူသီရိဖောင်ဒေးရှင်းက အခမဲ့ မျက်စိကုသပေး

ဇမ္ဗူသီရိဖောင်ဒေးရှင်းက အခမဲ့ မျက်စိကုသပေး

ကျန်းမာရေး၊ဘာသာရေးနှင့် လူမှုရေးများ ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ်
က စတင်ဖွဲ့ စည်းတည်ထောင်ထားသည့် ဇမ္ဗူသီရိဖောင်ဒေးရှင်းက မေလ ၅ ရက်မှ ရ ရက် အထိ
နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် အခမဲ့ မျက်စိခွဲစိတ် ကုသပေးခဲ့သည်။

အဆိုပါ ခွဲစိတ်ကုသပေးရာတွင် လူနာစုစုပေါင်း ၁၈၈ ဦးအနက် အသက် ၈၀နှင့် အထက်ရှိ
သံဃာတော်များ၊ ဇမ္ဗူသီရိမြို့နယ်ရှိ လူပုဂ္ဂိုလ် အဘိုး၊ အဘွား ၃၅ ဦးအား နေပြည်တော်၊ ခုတင်
၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန်ကြီး သုံးဦးက မျက်စိ စမ်းသပ်ပေးခြင်း၊ ခွဲစိတ်ပေးခြင်းများနှင့် မျက်မှန်
တပ်ဆင်ပေးခြင်းတို့အပြင် ဖောင်ဒေးရှင်းက သွားလာရေး အဆင်ပြေစေရန် ရပ်ကွက်/ ကျေးရွာများ
အရောက် ကြို၊ ပို့ ၀န်ဆောင်မှုများ ပြုလုပ်ပေးခဲ့သည်။

"နေပြည်တော်ကို အခြေခံပြီးတော့ တဖြည်းဖြည်း ဒီထက်ကျယ်ပြန့်အောင် ကျန်းမာရေး
စောင့်ရှောက်မှု၊ ဆရာတော်ကြီးတွေဆိုရင်တော့ နယ်မြေခွဲခြားမှုမရှိပါဘူး။ တစ်ပြည်လုံးမှာရှိတဲ့
ဆရာတော်ကြီးတွေ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်ရင် လိုအပ်သလို ဆေးစစ်တာတွေ
ဆောင်ရွက်ပေးမှာပါ။ သံဃာတော်တွေ အထဲမှာတော့ အလှူဒကာနည်းပြီးတော့ ဆေးမကုသနိုင်တဲ့
သံဃာတော်တွေကို ကုသပေးမှာပါ။ နောက်ပြီး ဆင်းရဲနွမ်းပါးပြီး ဆေးကုသစရိတ် မတတ်နိုင်တဲ့၊
ရောဂါပြင်းထန်တဲ့ လူနာတွေကိုလည်း ထပ်ပြီး ကုသပေးမှာပါ " ဟု ဇမ္ဗူသီရိဖောင်ဒေးရှင်း ဥက္ကဋ္ဌ
ဦးမျိုးမြင့်က မေလ ၆ ရက်နေ့က ပြောသည်။

ယခုကဲ့သို့ မျက်စိအခမဲ့ကုသပေးခြင်းသည် ကုသစရိတ် မတတ်နိုင်သူများအတွက် အင်မတန်
ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ ထို့ကြောင့် လာရောက် ကုသခြင်းဖြစ်ကြောင်းနှင့်
၀မ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ခွဲစိတ်ခံထားသူ အဘွားတစ်ဦးက ပြောသည်။

ဇမ္ဗူသီရိဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လကလည်း စင်ကာပူနိုင်ငံမှ
ဆရာဝန်ကြီး ရှစ်ဦးက နေပြည်တော်အတွင်း ရှိ လူနာ ၂၀၀ ကျော်အား လည်ပင်းကြီးရောဂါနှင့်
သွားဘက်ဆိုင်ရာရောဂါများကို အခမဲ့ကုသပေးခဲ့ပြီး ဧပြီလကလည်း ဘာသာရေးနှင့် ပတ်သက်၍
တရားပွဲများ၊ သင်္ကြန်ကာလအတွင်း တရားစခန်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများတွင်
ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သည် ဟု သိရသည်။

ထို့ပြင် ဧပြီလကပင် နေပြည်တော်တစ်ခုလုံးရှိ အသက် ရ၀နှင့် အထက် သံဃာတော် ၆၇ ပါး
ကိုလည်း ဆေးရုံ၌ ပင့်ဖိတ်ကာ ဆေးကုသမှုများ ပေးခဲ့သည်ဟု ဦးမျိုးမြင့်က ဆိုသည်။

"အခါအားလျော်စွာ အခမဲ့ဆေးကုသမှုတွေကို မြို့နယ်အလိုက် လုပ်သွားမှာပါ၊ အခုကတော့
ဇမ္ဗူသီရိမြို့နယ်မှာ စလုပ်တာပါ။ မကြာခင်မှာလည်း တခြားမြို့နယ် တစ်မြို့နယ်ချင်းစီမှာ
မျက်စိရောဂါဝေဒနာ ခံစားရတဲ့သူတွေကို ကုသပေးသွားမှာပါ " ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး