ရှမ်းပြည်နယ် ဆီဆိုင်မြိနယ်အုပ်စုမှ နောင်ထောင်၊ ဇလောင်းခေါင်ထို၊ ၀မ်မန်ကျေးရွာတို့ရှိ
ပညာသင်ကြားရန်အခက်အခဲ ရင်ဆိုင်နေရသည့် မူလတန်းအရွယ် ကလေးငယ် ၃၅ ဦးကို
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၃) ရပ်ကွက်ရှိ 'အောင်ရတနာ'ဘုန်းတော်ကြီးကျောင်း
တွင် သာသနာ့ဘောင်ဝင်ရောက်ပြီး ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း
ရှမ်းပြည်တောင်ပိုင်း၊ ငြိမ်းချမ်းရေးဆရာတော် ဦးဝိလာသဂက မေ ၅ ရက်နေ့က မိန့်ကြားခဲ့သည်။
ထိုကလေးငယ်များ သာသနာဘောင်တွင် ပညာသင်ကြားနိုင်ရန် ကုမ္ပဏီငါးခုက ကျပ် ၃၁ သိန်း
ကူညီထောက်ပ့ံပေးခဲ့သည်။
"ကိုယ့်ဒေသက ချို့တဲ့နေတဲ့ ကလေးငယ်တွေကို မြို့ပြ မှာသင်ကြားနေတဲ့ ပညာသင်ကြားရေးကို
ခံစားစေဖို့ မြို့ပေါ်ကျောင်းတွေမှာ ထားပေးထားတယ်။ နေပြည်တော်ကတော့ ဒီအကြိမ် ပထမဆုံး
ပညာသင်လွှတ်တာပါ။ ယခင်ကတော့ ရန်ကုန်၊ မန္တလေးမြို့ကြီး တွေက စာသင်တိုက်တွေကို
ပို့ခဲ့တာပါ"ဟု ဆရာတော်က မိန့်ကြားသည်။
ကလေးငယ် ၃၅ ဦးတွင် မိဘမဲ့ ကလေးငယ် နှစ်ဦးပါရှိပြီး အသက် ၁၀ နှစ်ဝန်းကျင်ကလေးငယ်များ
နှင့် အသက်အငယ်ဆုံးမှာ လေးနှစ်အရွယ်များဖြစ်သည်။
















