အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုဌာနကို အားထားရသည့် ဌာန ဖြစ်လာရန် ရည်မှန်းထား

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုဌာနကို အားထားရသည့် ဌာန ဖြစ်လာရန် ရည်မှန်းထား

ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုဌာန
(National Crisis Management Center of Myanmar) ကို မြန်မာနိုင်ငံနှင့် အာဆီယံဒေသ
အတွက် အရေးပါပြီး အားထားရသည့်ဌာနတစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်ဟု တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

"ဒီစင်တာအနေနဲ့ နေ့စဉ် ၂၄ နာရီ အထောက်အကူပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ ့ အမြင့်ဆုံး
အာဏာပိုင်တွေကိုလည်း တိုက်ရိုက်ဆက်သွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့
အာဆီယံဒေသတွင်း နိုင်ငံများအတွက် အရေးပါပြီး အလွန်အားထားရတဲ့ ဌာနကြီးတစ်ခုဖြစ်လာဖို့
ရည်မှန်းပြီး တည်ထောင်တာ ဖြစ်ပါတယ်" ဟု အမျိုးသားအရေးပေါ်ကာလ စီမံခန့်ခွဲရေး
ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက
ပြောသည်။

အဆိုပါစင်တာကို နေပြည်တော်တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

စင်တာကို အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ဦးဆောင် စီမံခန့်ခွဲမှုဖြင့် ဇွန်လ ၁၁ ရက်
နေ့မှ စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

"ဥရောပသမဂ္ဂက အိုင်တီနဲ့ ပတ်သက်တဲ့ ပစ္စည်းအားလုံးနဲ့ ပရိဘောဂကအစ ထောက်ပံ့ပေးတယ်။
အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နည်းပညာတွေ ပေးတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်
အတွင်းမှာ ဥရောပသမဂ္ဂက သင်တန်း နှစ်ကြိမ် ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီစင်တာက ပြည်သူကို
၀န်ဆောင်မှုပေးမယ့် အစိုးရရဲ့ လုပ်ငန်းကို အများကြီး အထောက်အကူပေးပါလိမ့်မယ်။ ဒါကြောင့်
လည်း ဥရောပသမဂ္ဂက ကျွန်တော်တို့နဲ့ လာပြီးတော့ ပူေးပါင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့
ပြုပြင်ပြောင်းလဲရေး ကာလအတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့လည်း ယုံကြည်ပါ
တယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

ငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်းအစရှိသော သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုများ၊
လူကြောင့်ဖြစ်သော ဖောက်ခွဲခံရခြင်းမျိုးနှင့် အခြား ပဋိပက္ခများအပြင် ရောဂါဖြစ်ပွားနေမှုများကိုပါ
အမြန်ဆုံး၊ အတိကျဆုံးနှင့် အစောဆုံး ပြည်သူများထံ သတင်းပေးနိုင်ရန် အဆိုပါစင်တာက
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် အခြားနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာလူမျိုးများအတွက်ပါ ၎င်းတို့ ရောက်ရှိနေသော
နိုင်ငံတွင် ဖြစ်ပွားနေမှုများကိုပါ အချိန်နှင့် တစ်ပြေးညီ သိရှိအောင်စီမံထားသည်ဟု သိရသည်။

"ဒီစင်တာက မြန်မာနိုင်ငံအတွက် တကယ့်ကို အရေးပါ အရာရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ ဥရောပသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှု
ကလည်း တကယ်ကို ထိရောက်မှာပါ။

"အာဆီယံဒေသမှာ မြန်မာနိုင်ငံက အမျိုးသား အရေးပေါ်ကာလ စီမံခန့်ခွဲရေးကို ဦးဆောင်ပြီး
လုပ်နေတဲ့နိုင်ငံလို့ ကျွန်တော် မြင်ပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်ကြီး
Mr. Roland KOBIA က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ
တို့ကြား အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်
ကို လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ဥရောပသမဂ္ဂ၏ ကူညီမှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး