အမျိုးသား နှစ်ဦးက မိန်းကလေး တစ်ဦးကို အဓမ္မကျင့်မှု အမှုဖွင့်

အမျိုးသား နှစ်ဦးက မိန်းကလေး တစ်ဦးကို အဓမ္မကျင့်မှု အမှုဖွင့်

အမျိုးသားနှစ်ဦးက မိန်းကလေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်သည်ဟုဆိုကာ
ကာယကံရှင် မိန်းကလေးက ဇွန်လ ၂၉ ရက်နေ့တွင် ပျဉ်းမနားမြို့မရဲစခန်း၌ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မိန်းကလေးကို ဆိုင်ပိုင်ရှင်
ညီအကို နှစ်ဦးက နေပြည်တော်တွင် ဆိုင်သစ်ဖွင့်မည်ဟု ပြောဆိုကာ ဇွန်လ ၂၈ ရက်နေ့တွင်
ကားနှင့် ခေါ်ဆောင်လာခဲ့ကြောင်း၊ မိတ္ထီလာသို့အရောက်တွင် မိန်းကလေးဖြစ်သူမှာ ကားမူးသဖြင့်
အစ်ကိုဖြစ်သူက ဆေးတိုက်ခဲ့ပြီးနောက် ကားနောက်ခန်းအတွင်း အိပ်ပျော်ရင်း လိုက်ပါခဲ့ကြောင်း၊
ဇွန်လ ၂၉ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းရပ်ကွက်ရှိ
ကေတီဗီဆိုင်တစ်ဆိုင်အနီး အရောက်တွင် နားဦးမည်ဟုဆိုကာ ကားကိုလမ်းဘေးချရပ်ပြီး ၎င်းတို့
နှစ်ဦးက အဆိုပါ မိန်းကလေးကို ငါးမိနစ်စီ အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့ကြောင်း နှင့်
တောင်းပန်ခဲ့သော်လည်း မရခဲ့ကြောင်း မိန်းကလေးက ရဲစခန်း၌ ထွက်ဆိုခဲ့သည်။

ထိုသို့ အဓမ္မပြုကျင့်ခဲ့ပြီးနောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့ရှိ မြင်းရတနာမီးပွိုင့်
အလွန်၌ ကားရပ်ပြီး တစ်ခုခုစားမည်ဟု ပြောသောကြောင့် ကားပေါ်မှ ဆင်းလိုက်စဉ်
ညီအကိုနှစ်ဦးက ကားမောင်းထွက် ပြေးသွားခဲ့သည်ဟု ထွက်ဆိုထားသည်။

ပျဉ်းမနား မြို့မရဲစခန်းမှ တာဝန်ရှိသူများက မန္တလေးမြို့ရှိ သက်ဆိုင်ရာမြို့နယ် ရဲစခန်းနှင့်
ပူးပေါင်းကာ တရားခံဖမ်းမိရန် ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး